သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-10
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုလေယာဉ်ကွင်း တည်ဆောက်စဉ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေ လျော်ကြေးငွေပြန်ပေးနေပေမယ့်၊ လျော်ကြေးငွေ အပြည့်အဝ မရရှိသေးဘူးလို့ လယ်သိမ်းခံရတဲ့ လယ်သမားတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကို ဇော်တူးက သတင်းပေးပို့ထားပါတယ်။
2017-08-08
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ဂုဏ်ပြုတဲ့ အနေနဲ့ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာနိုင်ငံ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်သင့်သလားဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီး အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေရဲ့ သဘောထား အမြင်တွေကို RFA သတင်းထောက် ကိုထက်အာကာက စုစည်းတင်ပြထားပါတယ်။
2017-08-08
ဒီကနေ့ ကျရောက်တဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၉ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးတွေအပြင် နိုင်ငံအနှံ့အပြားမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။
2017-08-08
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ်က မြေတိုင်ကန်ကျေးရွာမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးကျေးလက်စကားဝိုင်းမှာ ဒေသခံတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ လျှပ်စစ်မီးကိစ္စစတာတွေကို ဆွေးနွေးခဲ့ပြီး မေးမြန်းခဲ့တဲ့မေးခွန်းတွေကိုလည်း ပြန် လည်ဖြေကြားခဲ့ပါတယ်။
2017-08-08
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒပြခဲ့ကြတဲ့ ပညာရေး တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ၊ ကျောင်းသား ကိုယ်စားလှယ် တွေဟာ ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ရန်ကုန် ပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမမှာ သြဂုတ်လ ၇ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2017-08-08
ဒီကနေ့ကျရောက်တဲ့ နှစ် ၇ဝ ပြည့် မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်နိုင်ငံရေး သမားတွေ၊ မွန်အရပ်ဘက် အဖွဲ့တွေနဲ့ မွန်တိုင်းရင်းသားတွေက စုပေါင်းပြီး မွန်ပြည်နယ်၊ မုဒုံမြိုနယ် ကျောက်တလုံး ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။
2017-08-08
ရန်ကုန်မြို့က စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးငယ်တွေကို မွေးစားစောင့်ရှောက်ပေးနေသူ တယောက်အကြောင်း ကိုထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
2017-08-05
သြဂုတ်လ ၅ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "၈၈၈၈ အရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုမြတ်စံ (သုံးရောင်ခြယ်)၊ မဝါဝါချို (၈၈၈၈ အရေးတော် ပုံကာလ ကျောင်းသူ) နဲ့ ကိုရဲနိုင်အောင် (လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီကို စတင်တည်ထောင် ခဲ့သူတစ်ဦး) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ် ပါတယ်။
2017-08-05
ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ သံဃာတွေ နဲ့ လူပုဂ္ဂိုလ်တွေ ဖွင့်ထားတဲ့ သပိတ်စခန်းတွေနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက အမှုဖွင့်ရင် ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီကနေ့ ပြည်သူ့လွှတ်တော် နားချိန်မှာ သတင်းထောက်တွေ ကို ပြောပါတယ်။
2017-08-05
မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇၊၁ နဲ့တရားဆွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦးအပါအဝင် ၆cဦး အတွက် အာမခံလျှောက်ထားမှုကို သြဂုတ်လ ၄cရက်နေ့က လေးကြိမ်မြောက်ရုံးထုတ်မှာ သီပေါမြို့နယ်တရားရုံးက ပယ်ချခဲ့ပြီး တရားလိုဘက်ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2017-08-05
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဒီကနေ့ ဗဟန်းမြို့နယ်တရားရုံးက အာမခံပေးလိုက် ပါတယ်။
2017-08-05
မန္တလေးမြို့က အစိုးရဆန့်ကျင်ရေးသပိတ်စခန်းကို သြဂုတ်လ ၄ရက် ည ၁၀ နာရီအ ထိစောင့်ကြည့်သွားမှာဖြစ်ပြီး ၁ဝ နာရီမှာ မဖယ်ရှားပေးခဲ့ရင် ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းအစိုးရက ပြောကြားလိုက် ပါတယ်။
2017-08-03
မန္တလေးမြို့က အစိုးရဆန့်ကျင်ရေးသပိတ်စခန်းကို ချမ်းမြသာစည်မြို့နယ် သံဃနာယကအဖွဲ့က နေ ရာပြောင်းရွှေ့ပေးဖို့ ညွှန်ကြားစာပေးပို့ခဲ့ပေမယ့် ဖယ်ရှားပေးသွားမှာ မဟုတ်ဘူးလို့ သပိတ်ခေါင်းဆောင်တွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2017-08-03
လွှတ်တော်အတွက် ဝန်ထမ်းခန့််တာနဲ့ လွှတ်တော် တင်ဒါခေါ်တဲ့ ကိစ္စတွေမှာ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ဟာ နီးစပ်သူတွေကို အလုပ်ခန့်တာ တင်ဒါချပေးတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်နယ်လွှတ်တော် ဦးစီးအရာရှိဟောင်းတဦးက မွန်ပြည်နယ်ဝန်ကြီးချုပ် နဲ့ NLD ပါတီကို တိုင်ကြားထားပါတယ်။
2017-08-03
အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီရဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦးက ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ ကိုယ်စားလှယ်တွေက ပညာရေး လောကက အကျင့်ပျက် ချစားမှုတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။