သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-13
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ၇ လပြည့် အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသက ရန်ကုန်မြို့ ကုန်သည်လမ်းက ဖန်တီးရာရုံးခန်းမှာ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-10-10
ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်ရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က စစ်တွေမြို့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေကို ရှင်းလင်းခဲ့ပါတယ်။
2015-10-10
တရုတ်ယွမ်ငွေဈေးဟာ မြန်မာကျပ်ငွေနဲ့ လဲလှယ်နှုန်းမှာ နေ့စဉ် ဈေးတက်လာနေတာကြောင့် တရုတ်မြန်မာနယ်စပ် မူဆယ်ဘက်မှာ ကုန်ပစွည်းဈေးနှုန်းတွေလည်း သိသိသာသာ မြင့်တက်လာနေပါတယ်။
2015-10-10
ဧရာတီတိုင်း ဟင်္သာတမြို့နယ်မှာ ကရင်ကျေးရွာတွေ များပြီး လူဦးရေ ၈ သောင်းကျော် ရှိနေပါတယ်။
2015-10-10
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ နိုင်ငံရေးပါတီကြီးတွေ နေ့တိုင်းနီးပါး မဲဆွယ်စည်းရုံးနေကြ ပါတယ်။
2015-10-10
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား စစ်ရေးပဋိပက ္ခတွေကို လေ့လာစောင့်ကြည့်သွားဖို့အတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ လားရှိုးမြို့ ကချင်းနှစ်ချင်း ခရစ်ယာန် ကျောင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။
2015-10-10
မန္တလေးမြို့က ရတနာပုံတက္ကသိုလ်ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ်တနှစ်ကနေ တနှစ်နဲ့သုံးလအထိ ကျခံဖို့ အမရပူရ မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-10-09
ရုပ်ရှင်သရုပ်ဆောင် ဗေလုဝဟာ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် တနင်္သာရီတိုင်း မြိတ်မြို့က ကန်ဖျားရပ်ကွက်မှာ ဒီကနေ့ ဟောပြော ပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-10-09
နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပဖို့ တစ်လအလိုမှာ မကွေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အင်အားပြတွေ့ဆုံပွဲတစ်ခုကို မကွေးမြို့နယ် ကံသာကြီးကျေးရွာက ယာကွင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
2015-10-09
၈၈ မျုးိဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေဟာ ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်းက ကျေးရွာတွေကို သွားရောက်ပြီး မဲပေးပုံမဲပေးနည်းတွေကို လက်တွေ့ပြသ ဟောပြောခဲ့ပါတယ်
2015-10-09
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မုဒုံမဲဆန္ဒနယ် အမှတ် (၁) ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2015-10-09
ကချင်ပြည်နယ် ဝိုင်းမော်မြို့ သာဂရရပ်ကွက်မှာ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုက်အိုက်ပေါင်းဟာ ဒေသခံ ရှမ်းတိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-09
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပွဲကို မော်လမြိုင်မြို့က Strand Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
2015-10-09
နိုဝင်ဘာလ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ယောက်ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်းမှာ ဒီနေ့ မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
2015-10-08
ရှမ်းပြည်နယ် ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူး ရဲတပ်ဖွဲ့တွေကို တာဝန်ပေးခန့်အပ်သွားမယ် လို့ အောက်တိုဘာလ ၇ရက်နေ့က တောင်ကြီးနဲ့ လားရှိုးမြို့တွေမှာ ပြည်နယ်ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲတွေ ကျင်းပပြီးရှင်းပြခဲ့ပါတယ်။