သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-06
တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ တက္ကသိုလ် ကျောင်းတွေနဲ့ အခြေခံကျောင်းတွေအတွက် ကွန်ပြူတာတွေလာရောက် လှူဒါန်းရင်း ငြိမ်းချမ်းရေး ကိစ္စအပြင် တပ်မတော်အပေါ် စွပ်စွဲပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း ပြောခဲ့ပါတယ်။
2015-10-06
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိပေမယ့် ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ နဲ့ လျှောက်ထား သူ အရေအတွက် ဟာ ၃ သောင်းကျော်သာ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။
2015-10-06
ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးစောစေးဝါကို RFA သတင်းထောက် မမိုးကလျာဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-05
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟိုပုန်းလမ်းအထွက်မှာ ဆေးတက္ကသိုလ်အသစ်ဖွင့်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
2015-10-03
မန္တလေးမြို့တဝိုက် နဲ့ ဂေါဝိန်ဆိပ်ကမ်းတဝိုက်မှာ နေထိုင်ကြတဲ့ ကျူးကျော် လူဦးရေ ၂သိန်းနီးပါး လောက်ရှိပြီး သူတို့တွေဟာ ဆန္ဒမဲပေးချင်ပေမယ့် မဲဆန္ဒရှင် စာရင်းမှာ သူတို့နာမည်ပါ၊ မပါ မသိကြသလို ဘယ်လိုမဲပေးရမယ် ဆိုတာကို အခုချိန်ထိ မသိကြသေးသူတွေ ရှိနေပါတယ်။
2015-10-03
ကြံ့ခိုင်ရေးပါတီပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးဟာ ဧရာဝတီ တိုင်း ဟသာၤတမြို့နယ် ရှားခဲကျေးရွာမှာ အောက်တို ဘာလ ၂ရက်နေ့က စပြီး မဲဆွယ်စည်းရုံးနေ ပါတယ်။
2015-10-03
မကွေးတိုင်း စေတုတ္တရာမြို့နယ် ပတ်ဝန်းကျင်က ကျေးရွာတွေဟာ ဇူလိုင်လကုန်ပိုင်းက ရေဘေးသင့်ခဲ့ပြီး နေအိမ်တွေ သဲနှုံးတွေဖုံးလွှမ်းခံရပြီး စွန့်လွှတ်လိုက်ရတဲ့ အပြင် စိုက်ပျိုးမြေ တွေ ပါပျက်စီးကုန်တဲ့အတွက် အခက်အခဲ ဖြစ်နေကြရဆဲလို့ သိရပါတယ်။
2015-10-03
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဆရာတော်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-10-03
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာဟာ အခုလာမယ့် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မဲဆန္ဒနယ်အတော်များများမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2015-10-01
အမေရိကန်ပြည်ထောင်စု၊ ရုရှားသမ္မတနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ် ဦးစိုးဌေးဟာ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြုပြီး ကရင်ပြည် နယ် ကော့ကရိတ်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မဲဆွယ်နေပါတယ်။
2015-10-01
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ် သင်္ဘောဆိပ်ကျေးရွာဟာ တံငါလုပ်ငန်းနဲ့ ရပ်တည်ကြတဲ့ ကျေးရွာဖြစ်ပါတယ်၊ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ရေလုပ်သားအတော်များများ ပင်လယ်မှာ ငါးဖမ်းထွက်ခဲ့ရင် မဲပေးနိုင်သူအရေအတွက်ဟာ သိသိသာသာ နည်းသွားနိုင်တယ်လို့ သိရပါတယ်။
2015-10-01
သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာလ ၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကို သွားရောက်ခဲ့ရာမှာ ဧရာဝတီတိုင်း ဟသာၤတခရိုင်ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးနဲ့ အခြားကိုယ်စားလှယ်လောင်းတွေ၊ အစိုးရအဖွဲ့ဝင်တွေ လိုက်ပါခဲ့ကြပါတယ်။
2015-10-01
နာမည်ကြီး အဆိုတော်တွေနဲ့ အနုပညာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖါးအောက်ကျေးရွာအုပ်စုအတွင်းမှာ လှည့်လည်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-01
ထိုင်းနိုင်ငံ၊ ခိုတောင်းလိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်တယ်ဆိုပြီး လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဟာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံသားလူငယ် ၂ ဦးကို ကူညီနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးအထူးအဖွဲ့ ဦးထူးချစ်က ပြောပါတယ်။
2015-10-01
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၅၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။