သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-28
မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း ရွှေဈေးတွေ စံချိန်တင်အောင် တက်နေတဲ့ အခြေအနေကြောင့် ရွှေဝယ်သူတွေနဲ့ ရွှေလုပ်ငန်းတွေအပြင် တခြားစီးပွားရေးနယ်ပယ်တွေမှာ ဘယ်လိုရိုက်ခတ်မှုတွေ ရှိနေပါသလဲ။
2019-06-28
H1N1 ရာသီတုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာဖြစ်ပွားနေလို့ လူသေဆုံးမှုတွေဖြစ်နေတာ ၁၀ ယောက်နီးပါး ရှိနေပါပြီ။ ဒီရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က အသိပေးမှုတွေ ရှိတယ်ဆိုပေမယ့် ပြည်သူတွေကြားကို ပျံ့နှံ့မှုတွေ ထိထိရောက်ရောက် ရှိမနေပါဘူး။
2019-06-28
စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၉ ခုမှာ အစိုးရရဲ့ အင်တာနက်ဖြတ်တောက်မှုဟာ သတင်းအမှောင်ချတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြပါတယ်။
2019-06-28
မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ ငွေကြေးခဝါချမှုတွေထဲမှာ သစ်၊ ကျောက်စိမ်းတရားမဝင်ခိုးထုတ်တာ၊ အဂတိ လိုက်စားမှုတွေက ရတဲ့ငွေ၊ အခွန်ရှောင်လွှဲမှုတွေ အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာမှုခင်းတွေ တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောကြားလိုက်ပါတယ်။
2019-06-27
ဒီတပတ်မှာတော့ ထိုင်းနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-06-27
တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာ သီးခြားဆွေးနွေးခွင့်ပယ်ချခံရတာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ရာမှာ ဒီနေ့ နှစ်ဖက်လျှောက်လဲချက် ပေးခဲ့ကြပါတယ်။
2019-06-27
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် နေအိမ်တွေ စတင်ဆောက်လုပ်ပေးနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2019-06-27
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာရှိတဲ့ ဂရိတ်ဝေါသကြားစက်ရုံက ထွက်လာတဲ့အနံ့ဆိုးတွေ၊ စွန့်ပစ် ပစ္စည်းတွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေကြပါတယ်။
2019-06-26
မြေဧက သုံးထောင်ကျော်ကို အသုံးပြုပြီး သတ္ထုထုတ်နေတဲ့ တရုတ်ကုမ္ပဏီ မြန်မာစီနီကို ဟာ တကောင်းဒေသမှာ အခြေစိုက်ပြီး လုပ်ကိုင်နေတာ ၁၀နှစ်ကြာလာပါပြီ။
2019-06-26
လက်ကြီးသမားလို့ခေါ်တဲ့ ပမာဏများတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ပတ်သက်လို့ သတင်းပေးတိုင်ကြားကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2019-06-26
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား အထူးဒေသ (၄) မှာ တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2019-06-25
ဝေဖန်မှုတွေ ရှိနေတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အပြည့်အဝရရှိစေဖို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကိစ္စကတော့ နိုင်ငံသားဥပဒေနဲ့သာ ကိုင်တွယ်မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2019-06-25
ရပ်နားထားတာကြာပြီဖြစ်တဲ့ မကွေးလေဆိပ်ကို ဒီကနေ့မနက်မှာပဲ မကွေး-ရန်ကုန်ခရီးစဉ် ပြေးဆွဲတာနဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2019-06-24
လာမယ့် ဇူလိုင်လအတွင်း ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းတော့မှာဖြစ်ပါတယ်။
2019-06-23
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာ များပြားလာတာကြောင့် ကိုယ်ထူကိုယ်ထ ဘိန်းဖြတ်စခန်း ဖွင့်ထားရပါတယ်။