သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-29
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ဒေါ်အောင်ဆန်း စုကြည် မဲဆွယ်ဟောပြောဖို့အတွက် အားကစား ကွင်းကို အသုံးပြုခွင့်ပေးခဲ့တဲ့ အားကာမှူ းကို သက်ဆိုင်ရာက အရေးယူဖို့စုံစမ်းမေးမြန်းနေတာနဲ့ ပတ်သက်ပြီး ခန္တီးမြို့နယ် NLD ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-09-26
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ဒေသခံတွေ နဲ့ တွေ့ဆုံပြီး တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး နဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ပြောကြား ပါတယ်။
2015-09-26
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာသတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းမြေတွေ သိုလှောင်ထားတဲ့ကန် ကျိုးကျခဲ့တာကြောင့် ကံပေါက်ကျေးရွာက လူ ၃၀၀နီးပါးဟာ အဲဒီကျေးရွာက ဘုန်းကြီးကျောင်းမှာ ခိုလံှုနေရပါတယ်။
2015-09-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းဒေသကြီးခန္တီးမြို့မှာ ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
2015-09-26
မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မကွေးမြို့ပေါ်မှာ ဒီကနေ့ လှည့်လည်ပြီး မဲဆွယ်ကြပါတယ်။
2015-09-26
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဖီလာကျေးရွာအုပ်စုမှာ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် လယ်ဧက ၃၅၀ လောက် ပျက်စီးခဲ့တာကို ထိုက်သင့်တဲ့ လျော်ကြေးငွေတွေရရှိဖို့ ဒေသခံ ၂၀၀ လောက်က အမ်းမြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
2015-09-25
လာမယ့်ရွေးကောက်ပွဲမှာ စစ်တွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးရှိပြီး အဲဒီထဲမှာတချို့က မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ကို စတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
2015-09-25
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မြိတ်ခရိုင်က ကော်မရှင်အဖွဲဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲတွေနဲ့ မဲစာရင်းတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က ပုလဲရတနာခန်းမှာ မနေ့က တွေဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-09-25
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ၆ပါတီလောက်ရှိပေမယ့် ဒေသခံံတွေဟာ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူနည်းပါးနေပါတယ်။
2015-09-25
လက်ရှိအာဏာရ ကြံခိုင်ရေးပါတီ USDP က မကွေးမြို့မှာ လှည့်လည်ပြီး ရွေးကောက်ပွဲအတွက် ဒီကနေ့မဲဆွယ်ကြပါတယ်။
2015-09-25
ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာ မနေ့ကစပြီး မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-09-25
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၇ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြိူ့နယ်က တစညပါတီ ဗဟိုရုံးချုပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-09-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်ပွဲ အသိပညာပေးရေး နယ်လှည့်ဖျော်ဖြေရေးယာဉ်ဟာ ရှမ်းပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲပညာပေးနဲ့ စည်းရုံးရေးတွေအတွက် လှည့်လည်ဖျော်ဖြေနေတဲ့ အကြောင်းကိုတော့ RFA သတင်းထောက် မမေသဒ္ဓါ ကစုစည်းတင်ပြထားပါတယ်။
2015-09-24
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းမှာ ဒီကနေ့ မဲဆွယ်စည်းရုံးတဲ့ လက်ကမ်းကြေညာတွေကို လိုက်လံဝေငှခဲ့ပါတယ်။
2015-09-24
၁၉၉၀ ခုနှစ်က ပါတီဟောင်းတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဟာ မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ မနေ့ကနဲ့ ဒီနေ့တွေမှာ မဲဆွယ်စည်းရုံးနေပါတယ် ။