သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-23
AA အဖွဲ့ဟာ ဒေသခံ အရပ်သားတွေကို အသုံးပြုပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သလို အခုဆိုရင် သာသနိက အဆောက်အအုံတွေကိုပါ အကာအကွယ်ယူတာတွေ လုပ်လာတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဒီနေ့ နေပြည်တော်က တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-06-23
ကချင်နိုင်ငံရေးပါတီ သုံးခုပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဆိုင်းဘုတ်တင်၊ ဗဟိုရုံးချုပ်ဖွင့်ပွဲကို မြစ်ကြီးနားမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2019-06-23
မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်မယ့် CPI/SPIC ကုမ္ပဏီအနေနဲ့ လူထုသဘောထားတွေကို လေးစားတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းတည်ဆောက်မယ့်အစီအစဉ်ကို စွန့်လွှတ်ပေးဖို့ မြစ်ဆုံဒေသခံ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကချင်နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2019-06-23
မန္တလေး စက်မှုဇုန်က ထွက်ရှိတဲ့ စွန့်ပစ်ရေဆိုးတွေကြောင့် ဒုဌဝတီမြစ်ကို မှီခိုနေထိုင်နေတဲ့ ဒေသခံတွေ ကျန်းမာရေး ထိခိုက်တာတွေရှိနေပါတယ်။
2019-06-22
ကမ္ဘာတလွှား စီပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာပေမယ့် မြန်မာ့စီးပွားရေးကတော့ အခုနှစ်အတွင်း အနည်းငယ် တိုးတက်လာသလို ရှေ့ဆက်ပြီး တဖြေးဖြေးချင်း တိုးတက်လာဖို့ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
2019-06-21
မြန်မာနိုင်ငံမှာ လိင်တူချစ်သူချင်း လက်ထပ်ထိမ်းမြားမှုတွေ သိသိသာသာ တိုးလာနေပါတယ်။ သူတို့တွေ အတွက် ဥပဒေအရ အကာအကွယ်ပေးတာတွေ မရှိတဲ့အပြင်၊ ခွဲခြားဆက်ဆံ ခံရတာတွေ ကြုံနေရပါတယ်။
2019-06-21
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေဟာ လူမြင်ကွင်းမှာ နှစ်အတော်ကြာ ပျောက်နေရာကနေ ပြီးခဲ့တဲ့အပတ်ကတော့ သားမက်ဖြစ်သူရဲ့နာရေးကို တက်ရောက်ခဲ့တာ အမှတ်မထင် ပြန်တွေ့ကြရပါတယ်။ ဒီနာရေးကိုအကြောင်းပြုပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဆီကို ရေးသားခဲ့တဲ့စာက အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
2019-06-21
NLD အစိုးရကို ဖယ်ရှားဖို့အထိ လှုံ့ဆော်ခဲ့တဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းရဲ့ ညီလာခံမှာ တပ်မတော်က ငွေသိန်းပေါင်းများစွာ လှူဒါန်းခဲ့တဲ့ကိစ္စဟာ လူအတော်များများကြားမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိ အစိုးရကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ထားတဲ့ ဒီအဖွဲ့နဲ့ တပ်မတော်ကြား ဆက်ဆံရေးက ဘယ်ကို ဦးတည်နေပါသလဲ ...။
2019-06-21
လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို မြန်မာတစ်နိုင်ငံလုံးက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2019-06-21
ရှမ်းနဲ့ ထိုင်းတို့အကြား လူမျိုးရေးသွေးကွဲမှုဖြစ်အောင် ခွဲခြားတဲ့ စကားလုံး အသုံးအနှုန်းတွေကို သုံးနှုန်းရေးသားခြင်းမပြုဖို့ ချင်းမိုင်မြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုကော်မတီနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ဌာနေတိုင်းရင်းသားများကွန်ရက်အဖွဲ့က ဒီကနေ့ ထိုင်းနိုင်ငံမြောက်ပိုင်း သတင်းထောက်များအသင်းကို ကန့်ကွက်စာပေးပို့ခဲ့ကြပါတယ်။
2019-06-20
ဒီတပတ်မှာတော့… ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-06-20
H1N1 ကြောင့် ခြောက်လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ငါးဦး အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာလှ က ဒီနေ့ ပြောပါတယ်။
2019-06-20
မြန်မာနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ဒုက္ခသည်တွေအကြောင်း အပါအဝင် မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစ်စောင် ကမ္ဘာဒုက္ခသည်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
2019-06-20
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကို လူမျိုး ဘာသာမရွေး၊ နိုင်ငံသားတိုင်း ပါတီဝင်အဖြစ် လျှောက်ထားလို့ရကြောင်း၊ UBP ပါတီဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုမှမရှိကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။
2019-06-20
ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် Kristian Schmidt ရဲ့ မြစ်ဆုံစီမံကိန်းအပေါ် သဘောထားနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စအပေါ် သဘောထားတွေကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ က မေးမြန်းတင်ပြထားပါတယ်။