သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-24
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အမှတ်၂ ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေဟာ မြိတ်မြို့နယ်က ကျေးရွာ ၂ ရွာမှာ မနေ့က မဲဆွယ်စည်းရုံးရေးနဲ့အတူ ရွေးကောက်ပွဲမှာ မဲပေးရမယ့်ပုံစံတွေကိုလည်း ရှင်းပြခဲ့ကြပါတယ်။
2015-09-24
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွ့ဲ့အစည်း ကျောင်းသား ခေါင်းဆောင်တချို့ဟာ ဧရာဝတီတိုင်း ဟသာၤတမြို့နယ်မှာ ရွေးကောက်ပွဲ အသိပညာပေးလက်ကမ်းစာစောင်တွေဝေဌခဲ့ပြီး မဲစာရင်းကို သွားရောက်စစ်ဆေးကြဖို့ လှုံဆော်ခဲ့ကြပါတယ်။
2015-09-23
နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ဟာ ဒီကနေ့ ကျေးရွာတချို့မှာ မဲဆွယ်စည်းရုံးနေပါတယ်။
2015-09-23
မဲပေးခွင့်ဆုံးရှုံးတာဟာ လူ့အခွင့်ရေး ချိူးဖောက်ခံရမှု တစ်ခုဖြစ်တယ်လို့ သင်္ဃန်းကျွန်းမဲဆန္ဒနယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိုနေဘုန်းလတ် က ပြောပါတယ်၊
2015-09-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတဲ့ မိန့်ခွန်းကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီက နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။
2015-09-23
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က သက္ကယ်ပြင်(သံ) ကျေးရွာမှာ ရေဘေးကြောင့် မဲစာရင်းကြည့်ရှုသူနည်းပါးနေပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း နားမလည်ကြသူ အများအပြားရှိနေကြပါတယ်။
2015-09-23
အမျုးိသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ထဲက ထန်းမနိုင်၊ ဝါးဘလောက်သောက်၊ သမင်ခြံကျေးရွာတွေကို ဒီနေ့ မနက်ကသွားရောက်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဟောပြောခဲ့ပါတယ်။
2015-09-23
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မြေထဲက ဝါးတစ်ရာကျေးရွာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေက စက်တင်ဘာလ ၂၂ရက်နေ့မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-23
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တောင်ကြီးမြို့မှာ မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်ခဲ့ပါတယ်၊
2015-09-23
အမျုးိသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေးဒရဲမြို့က ဟောပြောပွဲအကြောင်း ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2015-09-23
နေပြည်တော်ကောင်စီနယ်မြေကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇမူ္ဗသီရိမြို့နယ်၊ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကေျာ်မြင့်ဦးတို့ဟာ သူတို့ရဲ့မဲဆန္ဒနယ်မှာ စက်တင်ဘာလ ၂၁ရက်နေ့က မဲဆွယ်ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
2015-09-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်သားအများစု အခြေစိုက်တဲ့ နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့ နယ်မှာ စက်တင်ဘာလ ၂ဝ ရက်၊ မနေ့ က ရွေးကောက်ပွဲ ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-09-22
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ဟာ သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့အတူ စက်တင်ဘာလ ၂ဝ ရက်၊ မနေ့က ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-22
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်းနဲ့၊ တိုင်း ဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးမင်းအောင်တို့ဟာ စက်တင်ဘာလ ၁၉ ရက်၊ စနေနေ့က တောင်ဥက္ကလာပ မြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-22
လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေမရှိဘူးလို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန် ဗဟန်းမြို့နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။