သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-13
၂ဝ၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီပါတီက မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
2019-06-12
နှစ်နှစ်နီးပါး ရိက္ခာထောက်ပံ့မှုတွေ ဖြတ်တောက်ခံထားရတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ခြောက်ထောင်ကျော်အတွက် စားဝတ်နေရေး အခက်အခဲတွေရှိနေပြီး နေရပ်ပြန်ပို့မှာကို စိုးရိမ်နေကြပါတယ်။
2019-06-12
ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှာရှိတဲ့ အောင်မြေအနီးမှာ ဒီကနေ့ ညနေက အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်အချို့ စုပေါင်းပြီး မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-06-11
ကချင်စစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ် သရုပ်ဖော်ပြဇာတ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ မြို့နယ် ရဲတပ်ဖွဲ့က တရားစွဲထားတာကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးရုံးချိန်းခေါ်ယူခဲ့ပါတယ်။
2019-06-10
တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းက တစ်ဆင့် ဆန်တန်ချိန် တစ်သိန်းကို ဒီနှစ် အောက်တိုဘာလ မတိုင်ခင် တင်ပို့နိုင်ဖို့ ဒီလထဲမှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။
2019-06-10
ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီတွေ အမြန်ဆုံးရဖို့ ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ ကချင်လူမျိုးတွေစုစည်းကာ ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က နိုင်ငံတကာ ကြက်ခြေနီကော်မတီရုံးကို သွားရောက်ပြီး စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
2019-06-10
ဆရာတော် ဦးဝီရသူကို တရားစွဲဆိုထားတွေ လွတ်မြောက်ရေးနဲ့ ဘေးကင်းရေး လမ်းလျှောက်ဆုတောင်းပွဲကို သံဃာတော်တွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ရာနဲ့ချီပြီး ဗဟန်းမြို့နယ်က ကြေးသွန်းဘုရားကနေ ဆူးလေစေတီကို ဒီနေ့ စုပေါင်းလမ်းလျှောက်ခဲ့ကြပါတယ်။
2019-06-10
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်အုပ်စု၊ လိုင်ငုယန်ကျေးရွာမှာ တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးဖို့ ပြင်ဆင်နေတာကို အစိုးရက တားဆီးပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
2019-06-08
လာမယ့် ၂၀၂၀ ပြည့်နှစ်ကုန်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ရွေးကောက်ခံမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
2019-06-08
ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲ (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့ရှိ မနောင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2019-06-08
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အသက် ၁၈ နှစ်ကနေ ၃၀ နှစ်ကြားမှာရှိတဲ့ လူငယ် ၂၄၀၀ ကျော်ကို မေးမြန်းပြုစုထားတဲ့ အနာဂတ်မျိုးဆက်သစ်မြန်မာ (Next Generation Myanmar) သုတေသန စစ်တမ်းအစီရင်ခံစာ မိတ်ဆက်ပွဲကို မနေ့က ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
2019-06-08
လားရှိုးမြို့နယ် အီနိုင်ကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ စိုက်ပျိုးလုပ်ဆောင်မယ့် ဧက ၃၀၀ စိုက်ပျိုးရေးစီမံကိန်းကို ကန့်ကွက်တဲ့ရွာသားတွေအပေါ် sspp ရှမ်းပြည်တပ်မတော်က အရာရှိ ဆိုသူက ဖိအားပေးြခိမ်းခြောက်လို့ မန်ပြိန်းရွာသားတွေဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာကြရာကနေ ဒီကနေ့ သူတို့ရွာကို ပြန်သွားကြပါပြီ။
2019-06-08
မြန်မာ့တပ်မတော်နဲ့ AA နှစ်ဖွဲ့စလုံးက အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြီးခဲ့တဲ့ မေလက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-06-07
တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲတွေမှာထိရောက်တဲ့ စစ်ဆင်ရေးအတွက် လိုအပ်တဲ့အင်အားကိုအသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါအသုံးပြုဖို့ သမ္မတရုံးက တပ်မတော် ကကကြည်းကိုညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2019-06-07
တပ်မတော်က တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီကနေ့ တိုက်ကြီး တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်တို့က ရုံးပြောင်းဖို့ တင်ထားတဲ့အတွက်ဆိုပြီး တရားရုံးမှာ ဒီနေ့မှာ အမှုမစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပဲ ပြန်လည်းချိန်းဆိုလိုက်ပါတယ်။