သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-16
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်က မြေပဲစိုက်တောင်သူတွေဟာ ဒေသခံအလုပ်သမားတွေ နေရပ်စွန့်ခွာကြသူတွေများလာတာကြောင့် အခုလိုမြေပဲပေါ်ချိန်မှာ အလုပ်သမားရှားပါးတာနဲ့ ရင်ဆိုင်နေရပါတယ်။
2015-09-14
တစ်နိုင်ငံလုံးကမဲစာရင်းတွေကို ပြည်နယ်နဲ့ တိုင်းအားလုံးမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ပြီး လာမယ့် စက်တင်ဘာ၂၇ ရက်နေ့ အထိ ကြေညာသွားမှာဖြစ်ပါတယ်။
2015-09-14
ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွေကို နောက်ဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့က စတင် ထုတ်ပြန်နေပြီဖြစ်ပါတယ်။
2015-09-14
ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ နောက်ဆုံးအဆင့် မဲဆန္ဒရှင်စာရင်းကို မကွေးမြို့မှာလည်း စက်တင်ဘာလ ၁၄ ရက်နေ့က ကြေညာထားပါတယ်။
2015-09-14
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲဝင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာဒေါ်သက်သက်ခိုင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-09-14
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးပွဲကို လာမယ့် အောက်တိုဘာလ ပထမအပတ် အတွင်း ကျင်းပသွား မှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြောလိုက် ပါတယ်။
2015-09-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ကော့ မှူးမြို့နယ်က ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုကျော်ဇင်ဟိန်းက သူ့ အနေနဲ့အခုလို ပြိုင်ခွင့်ရတာကို ဂုဏ်ယူတယ် လို့ပြောပါတယ်။
2015-09-11
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်ရမယ့် အချက်တွေကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ကိုယ်စားလှယ်တွေက ဒီနေ့ သတင်းမီဒီယာတွေကို ခေါ်ယူရှင်းပြခဲ့ပါတယ်။
2015-09-11
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ေ တွ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်မှာပါ။ ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ ရွေးကောက်ပွဲပြင်ဆင်ထားမှု တွေအကြောင်း ကော်မရှင် ဥက္ကဌ ဦးတင်အေးကို နေပြည်တော် ကော်မရှင်ရုံးချုပ်မှာ RFA ဝိုင်းတော်သူ မသင်းသီရိက တွေဆုံမေးမြန်းထားပါတယ်။
2015-09-11
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးတို့ဟာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာမှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-09-11
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ စက်တင်ဘာလ ၁၁ ရက်နေ့က ဇာတိဖြစ်တဲ့ ဖြူးမြို့မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကယားပြည်နယ် ဖားဆောင်းမြို့မှာ ဟောပြောခဲ့ပြီး စက်တင်ဘာလ ၁ဝ ရက်နေ့ကတော့ ဖရူဆိုနဲ့ ဘောလခဲတို့မှာ ဟောပြောခဲ့ပါတယ်။
2015-09-10
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေး အခြေအနေတွေနဲ့အတူ ရွေးကောက်ပွဲအောင်နိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကို နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ RFA ဝိုင်းတော်သူ မသင်းသီရိက တွေ့ဆုံမေးမြန်းထားပါတယ်။
2015-09-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဒေါ်ကြည်ပြာနဲ့ ဒေါ်မြလှစံတို့ဟာ စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန် ကျောက်တံတားမြို့နယ်မှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-09-10
မြန်မာ့လွတ်လပ်ရေး ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော် အရှင်ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၆ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတွေကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်အနှံ့မှာ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။