သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-24
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖျက်သိမ်းပေးရေးအတွက် လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုကို မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်ပြီး ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးရှေ့မှာ စတင်လိုက်ပါတယ်။
2017-06-24
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-06-23
MSF လို့ခေါ်တဲ့ "နယ်စည်းမခြားဆရာဝန်များ" အဖွဲ့က မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးနေတာ ၂၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲတခုကို ပြည်သူ့ရင်ပြင်ထဲက Yangon Gallery ပြခန်းမှာ ပြသနေပါတယ်။
2017-06-23
လူတိုင်းလက်လှမ်းမီတဲ့ အမျိုးသားကျန်းမာရေး အာမခံစနစ်တည်ထောင် ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သ့ူလွှတ်တော်မှာဇွန်လ ၂၂ရက်နေ့က ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
2017-06-23
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ အစိုးရနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတခုဖြစ်တဲ့ World Vision တို့ ပူးပေါင်းပြီး ကျူးကျော်စာရင်းတွေကို ကောက်ယူနေပါတယ်။
2017-06-22
မကွေးမြို့ ကင်းအနောက်ကျောင်း ဘုန်းတော် ကြီးကျောင်းမှာ ဒေသအသီးသီး ကနေ လာပြီး ပညာ သင်ယူနေတဲ့ ကလေးသူငယ်တွေ ရှိနေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့အတွက် ကျောင်းမထားနိုင်တဲ့ ကလေးသူငယ်တွေကို ဘုန်းတော်ကြီးကျောင်းမှာ လက်ခံပြီး ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။
2017-06-22
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က မြို့မဈေးအတွင်း ရောင်းချနေတဲ့ စားသောက်ကုန်တွေမှာ ဓာတုဆိုးဆေးပါဝင်မှုရှိမရှိ ဓာတ်ခွဲစမ်းသပ်နိုင်ဖို့နဲ့၊ ဈေးကွက်အတွင်း ရောင်းချနေတဲ့ စားသောက်ကုန်တွေကို စားသုံးဖို့သင့်မသင့် တာဝန်ရှိသူတွေက ဇွန်လ ၂၁ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2017-06-22
မန္တလေးတိုင်းအတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ အခြေချ နေထိုင်နေသူအားလုံး လာမယ့် ဇူလိုင်လကုန်မှာ နောက်ဆုံးထား-ပြောင်းရွှေ့ပေးရမှာ ဖြစ်တဲ့ အတွက် ကျောင်းထိုင်ဆရာတော်တွေက လူနေအိမ်တွေကို စတင်ဖယ်ရှားနေပြီ ဖြစ်ပါတယ်။
2017-06-21
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအနီးမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့အတွက် EIA လို့ခေါ်တဲ့ ပတ်ဝန်းကျင်သက်ရောက်မှုဆိုင်ရာ ဆန်းစစ်လေ့လာရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ ပထမဆုံးအကြိမ်အဖြစ် ဒေသခံတွေနဲ့ဆွေးနွေးပွဲကို ဘားအံမြို့ ဇွဲကပင် ခန်းမမှာ ဇွန်လ ၂၁ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2017-06-21
"နိုင်ငံရေးအကျဉ်းသား" နဲ့ "နိုင်ငံရေးပြစ်မှု" ဆိုတဲ့ဝေါဟာရတွေနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့ လတ်တလော အစီအစဉ်မရှိသေးဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းသမားတွေကို ပြောကြားခဲ့ပါတယ်။
2017-06-20
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းက ကျေး ရွာတွေ မှာ လယ်သမားတွေဟာ ကောက်စိုက်ခ ကြီးမြင့် တာတွေ ကြုံတွေ့နေရသလို၊ ပျိုးပင်တွေကို ကိုက်ဖြတ်တဲ့ ခရုတွေ ဝင်ရောက် ဖျက်ဆီးတာတွေနဲ့ လည်း ကြုံတွေ့နေရပါတယ်။
2017-06-20
ဇွန်လ ၂ဝရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က ဦးဆောင် ကျင်းပခဲ့ပါတယ်။
2017-06-20
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်အတွင်းက အိမ်ခြေ ၃ ရာကျော်ကို ကျူးကျော်နေအိမ်တွေအဖြစ် သတ်မှတ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနေ့ညက လိုက်လံအသိပေးခဲ့ ပါတယ်။ ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ နေအိမ်တွေထဲမှာ ၁၉၉ဝ ပြည့်လွန်နှစ်တွေ ကတည်းက အခြေချ နေထိုင်လာသူတွေ ပါသလို၊ ပြီးခဲ့တဲ့နှစ်တွေကမှ ကျပ်သိန်းရာချီပေးပြီး ဝယ်ခဲ့ကြသူတွေလည်း ရှိနေပါတယ်။
2017-06-19
အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် က အစိုးရအထက်တန်းကျောင်း ၃ ကျောင်းမှာ လာ မယ့်သြဂုတ်လကစပြီး ပထမဆုံးအကြိမ်အဖြစ် မြန် မာဘာသာကို တရားဝင် ပြဋ္ဌာန်းသင်ကြားခွင့် ရရှိထား ပြီလို့ အင်ဒီယားနားပြည်နယ်မှာ မြန်မာ ဘာသာစကားနဲ့ အနုပညာသင်တန်းကျောင်း ဖွင့် လှစ်ထားတဲ့ ဦးကျော်သိန်းစိုးက ပြောပါတယ်။
2017-06-19
မြန်မာ-တရုတ်နယ်စပ်က တရုတ်ဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို တရုတ်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိတ်လိုက်တာကြောင့် ကုန်သည်တွေ၊ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေနဲ့သာမန်ငွေအပ်နှံထားသူတွေ အခက်အခဲရှိနေပါတယ်။