သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-19
ဇွန်လ (၁၉) ရက်နေ့ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့အတွက် လွှတ် တော်အကြီးအကဲတွေ၊ မွေးနေ့ပွဲ တက်ရောက်လာသူတွေနဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က အဖွဲ့ဝင်တွေရဲ့ ဆုတောင်းစကားတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
2017-06-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့အတွက် ရန်ကုန်မြို့က ပြည်သူတွေကလည်း ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။
2017-06-18
ဇွန်လ ၁၇ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပင်တိုင်ဆွေးနွေးမယ့် သူတွေက အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးလှဆွေ၊ ဦးနေမျိုးဇင်နဲ့ နိုင်ငံခြား သတင်းထောက်ဦးသီဟသွေး တို့ကဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
2017-06-17
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့တရားစွဲခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို အာမခံပယ်ချလိုက်ပြီး ကလောင်ရှင် ဗြိတိသျှကိုကိုမောင်ကို အမှုကနေ တရားသေ လွှတ်ပေး လိုက်ပါတယ်။
2017-06-17
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ အလိုမရှိကြောင်း လက်ပတ်ဖြူ လှုပ်ရှားမှုကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ ရန်ကုန်မြို့မှာ သတင်းမီဒီယာသမားတွေ က ပြုလုပ်ခဲ့ကြပါတယ်။
2017-06-17
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာပါဝင်တဲ့ ကြည်လင်း၊ ဇေယျာ ဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဇွန်လ ၁၆ ရက်- ဒီကနေ့ ရုံးထုတ်ခဲ့ရာမှာ တရားခံပြေး အောင်ဝင်းခိုင်နဲ့ ပတ်သက်တဲ့ သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။
2017-06-17
မကွေးတိုင်းလွှတ်တော် အိမ်ယာတည်ဆောက်ထားတဲ့ မြေနေရာတွေအတွက် လျော်ကြေးကို ဒီကနေ့မနက်ပိုင်း က တောင်သူတွေကို ပေးအပ်လိုက်ပါတယ်။
2017-06-17
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်က စက်မှုမြေ ဧကပေါင်း တရာကျော်နဲ့ ပတ်သက်ပြီး မူလပိုင်ရှင်တွေနဲ့ အစိုးရအကြား လျော်ကြေးကိစ္စ ပြေလည်မှု မရသေးဘဲ ဖြစ်နေပါတယ်။
2017-06-17
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-06-16
ရန်ကုန်-မန္တလေးအမြန်လမ်း ၅ မိုင် ဝန်းကျင်ဘေး တလျှောက် အစိုးရက ဖျက်သိမ်းနေတဲ့ ကျူးကျော် ကျေးရွာ ၅ ရွာထဲက ကံ့ကော်ကျွန်းရွာ သား ၃ဝ လောက်ဟာ ဒီကနေ့မနက်ပိုင်းက အမြန် လမ်း မိုင်တိုင်သုညက စတင်ပြီး နေပြည်တော် လွှတ်တော်ကို ချီတက်ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
2017-06-16
မန္တလေးတိုင်း၊ ရမည်သင်းမြို့နယ် ရွှေဒါးကျေးရွာအနီးမှာရှိတဲ့ အစိုးရပိုင် ဆပ်ပြာစက်ရုံက စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် လယ်မြေဧက ၁၂ဝ လောက်ဟာ သီးနှံစိုက်ပျိုးလို့မရတာ ၁ဝ နှစ်နီးပါးရှိပြီလို့ လယ်သမားတွေက ပြောပါတယ်။
2017-06-16
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ လာရောက်မယ်ဆိုရင် မလိုလားအပ်တဲ့ တင်းမာမှုတွေ ဖြစ်လာစေနိုင်တဲ့အတွက် လက်မခံတာဆိုပြီး မြန်မာအစိုးရက ငြင်းပယ်လိုက်တာနဲ့ ပတ်သက်လို့ အလွန်အမင်း စိတ်ပျက်ရတယ်လို့ အမေရိကန်အခြေစိုက် HRW လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က မနေ့က ဝေဖန်လိုက်ပါတယ်။
2017-06-16
ဒီကနေ့ဇွန်လ ၁၅ ရက်နေ့ဟာ တနိုင်းမြို့နယ်ထဲက တရားမဝင် ရွှေနဲ့ပယင်းမှော်တွေကို နယ်မြေ ရှင်းလင်းတော့မှာမို့၊ ဒီမှော်တွေမှာ လုပ်ကိုင်နေသူတွေ ထွက်ခွာကြဖို့ တပ်မတော်က အသိပေးထားတဲ့ နောက်ဆုံး သတ်မှတ်ရက် ဖြစ်ပါတယ်။
2017-06-14
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း များနေတဲ့အ တွက် တဖြည်းဖြည်း လျော့နည်းကျဆင်းသွားအောင် စီမံချက်ချပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အဆိုကို မှတ်တမ်းတင်ဖို့ ပြည် သူ့လွှတ်တော်မှာ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-06-14
ရန်ကုန်မြို့တဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်မှာ သောက်သုံးရေခက်ခဲတဲ့ အတွက် အဝီစိတွင်း တူးဖော်တာတွေ များလာပေမယ့်၊ တချို့နေရာတွေမှာ အဝီစိတွင်းရေတွေဟာ သောက်သုံးဖို့ အဆင်မပြေဘူးလို့ သိရပါတယ်။