သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-05
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ အကောင်အထည်ဖော်မယ့် ဧက ၃ဝဝ စိုက်ပျိုးရေးစီမံကိန်းကို ကန့်ကွက်နေတဲ့ ကျေးရွာသားတွေကို SSPP က ဗိုလ်ကြီး ဆိုသူက ဖိအားပေး ြခိမ်းခြောက်တာတွေ ရှိနေလို့ဆိုပြီး ရွာသား ၂ဝဝ ဝန်းကျင်ဟာ လားရှိုးမြို့ပေါ်ကို ဒီနေ့ ထွက်ပြေးခဲ့ကြပါတယ်။
2019-06-04
မြန်မာနိုင်ငံမှာ ဒီရေတော အစုအဖွဲ့ပိုင်သစ်တောကို အခြေခံပြီး ဒေသအခြေပြု ခရီးသွားလုပ်ငန်းဖြစ်လာအောင် ထားဝယ်မြို့ သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာဒေသခံတွေက ကြိုးပမ်းနေပါတယ်။
2019-06-03
မြန်မာနိုင်ငံဟာ လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး နှစ်စဉ်လူပေါင်း ၂၂ဝဝဝ သေဆုံးနေတဲ့အတွက် လေထုညစ်ညမ်းမှုလျော့ကျအောင် အားလုံးပူးပေါင်း ပါဝင်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2019-06-03
Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုထားတဲ့အမှုမှာ တရားလိုပြသက်သေ ဆရာတော်ဦးဝီရသူ လာရောက်ထွက်ဆိုဖို့ တရားရုံးက ၂၄ ကြိမ်မြောက် ဆင့်ခေါ်ထားပေမယ့် ဒီကနေ့ ရုံးချိန်းမှာလည်း ဦးဝီရိသူ ရောက်ရှိလာတာ မရှိပါဘူး။
2019-06-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး မြန်မာဘက်က အသင့်ပြင်ဆင် ထားပြီးဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် အကောင် အထည်ဖော်ဖို့ နှောင့်နှေးနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2019-06-03
နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးထုတ်မှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်ခဲ့သလို လုံခြုံရေးတင်းကျပ်ထားပါတယ်။
2019-06-03
လီဆူလူမျိုးတွေကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) အနေနဲ့ တရားဝင်တောင်းပန်ပေးဖို့ ဒီနေ့ မြစ်ကြီးနားမြို့မှာ လီဆူလူမျိုး တစ်ထောင်ခန့် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-06-02
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတုတ္တန်းလမ်းအနီးမှာ တည်ဆောက်ထားတဲ့ စက်သုံးဆီသိုလှောင်ဖြန့်ဖြူး ရောင်းချရေးစခန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်ဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောလိုက်ပါတယ်။
2019-06-02
လားရှိုးမြို့နယ် မန်ပြိန်းရွာအနီးမှာ ကုမ္ပဏီတစ်ခုက ဧက သုံးရာ စိုက်ပျိုးရေးစီမံကိန်းတစ်ခု လုပ်ဆောင်မယ်ဆိုတဲ့အပေါ် ကျေးရွာသားတွေက ပွင့်လင်းမြင်သာအောင်ချပြဖို့လိုလားနေကြပြီး လက်ရှိကျေးရွာအတွင်း စက်ယန္တရားတွေ ဝင်ရောက်ဖြတ်သန်းမှာကိုလည်း ကန့်ကွက်ထားကြပါတယ်။
2019-06-02
နယ်စပ်မှာ တရုတ်ကို တင်ပို့မယ့် ဆန်အရောင်းအဝယ်တွေ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
2019-06-01
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ Myanmar Robo League စက်ရုပ်ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူ အားကစားကွင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-06-01
ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းသူတွေကို အရေးယူမယ်လို့ အစိုးရက ပြောကြားလိုက်ပြီးနောက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဦးဝီရသူ ဘေးကင်းရေး ဒုတိယအကြိမ်မြောက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-05-31
တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေကုမ္ပဏီကို အမေရိကန်အပါအဝင် နိုင်ငံတချို့က ကန့်သတ်ပိတ်ဆို့တာတွေ ရှိနေပေမယ့် မြန်မာနိုင်ငံကတော့ ဟွာဝေကို အဓိက မိတ်ဖက်အဖြစ် ကြိုဆိုလက်ခံထားပါတယ်။
2019-05-31
NLD အစိုးရ တာဝန်ယူပြီး ၃ နှစ်တာကာလအတွင်း တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက မန္တလေးတိုင်းမှာ သိသိသာသာ ပြုပြင်ပြောင်းလဲမှုတွေ တွေ့လာရပါတယ်။
2019-05-31
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေ ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းမှာ ဖြေရှင်းကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက မျှော်လင့်နေကြပါတယ်။