သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-14
ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ သတင်းမီယာသမားတွေ အပြန်အလှန် နားလည်ယုံကြည်မှု ရရှိရေးအတွက် မဏ္ဍိုင် ၄ ရပ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-06-14
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လဖြစ်တဲ့ အောက်တိုဘာလ ကနေ မတ်လအထိ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ထားမှု အစီရင်ခံစာကို ပြည်နယ်လွှတ်တော်မှာ ဇွန်လ ၁၄ရက်နေ့က တင်သွင်းခဲ့ရာမှာ မြေပြင် အခြေအနေတွေနဲ့ ကွဲလွဲနေတာ၊ အချက်အလက် မပြည့်စုံတာတွေကို ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။
2017-06-13
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီ ပွန်ကျောက်စိမ်းမှော်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပိုင်း နန်စီပွန်ဈေးတန်းမှာ ကျောက်အရောင်းအ ဝယ်တွေကျဆင်းနေတယ်လို့ ကျောက်ကုန် သည်တွေက ပြောကြပါတယ်။
2017-06-13
မွန်ပြည်နယ်အတွင်း တရားမဝင် မြစ်သဲကျောက် ထုတ်လုပ်နေတာတွေကို အရေးယူတားမြစ်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ဇွန်လ (၁၃) ရက်နေ့ ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2017-06-13
ရှမ်းပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ "တောင်သူလယ်သမား၊ အလုပ် သမားနဲ့ လူငယ်ရေးရာ ကော်မတီ" ဟာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကို ပြည်နယ်အတွင်းမှာ ကွင်းဆင်း ဖြေရှင်းပေးနေပါတယ်။
2017-06-12
ပညာရေးကောလိပ်၊ အထက်တန်းနဲ့ အလယ်တန်း ပညာရေး သင်ရိုးညွှန်းတမ်းတွေမှာ "မျိုးဆက်ပွား ကျန်းမာရေး၊ ပြည်သူ့နီတိနဲ့၊ ဒီမိုကရေစီ" တို့ကို ဘာ သာရပ်တွေအဖြစ် မိတ်ဆက်သင်ကြားပေးရုံမက လက်ခံ ကျင့်သုံးဖို့ စီမံဆောင်ရွက်စေလိုကြောင်း ဇွန် လ ၁၂ရက်နေ့က အမျိုးသားလွှတ်တော်မှာ အဆို တင်သွင်းတဲ့ NLD ကိုယ်စားလှယ်က ဒီအဆိုကို မှတ်တမ်းမတင်စေချင်ပေမယ့် အကြောင်းကြောင်းကြောင့် မှတ်တမ်းတင်ရပါတယ် ဆိုပြီး လွှတ်တော်မှာ ပြောခဲ့ပါတယ်။
2017-06-12
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ အနီးမှာရှိတဲ့ Long Life Aggregate Mining ကုမ္ပဏီက အခုရက်ပိုင်းအတွင်း မိုင်းတွေခွဲနေတဲ့အတွက် မိုင်းကိုပိတ်သိမ်းပေးဖို့ ဒေသခံ ၃ ရာကျော်လောက် ဇွန်လ ၁၂ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-06-12
ရှမ်းပြည်နယ်လွှတ်တော်နဲ့ ရှမ်းပြည်နယ် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ အကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာစေဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2017-06-12
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ငါးထပ်ကြီး-တောင်ရပ်ကွက် အပါအဝင် ရပ်ကွက်သုံးခုမှာနေထိုင်တဲ့ အိမ်ထောင်စု ၄ ရာကျော်ကို ကျူးကျော်တွေအဖြစ် သတ်မှတ်ပြီး ကျူးကျော်အိမ်ထောင်စု သက်သေခံ ကတ်ပြားတွေ ဒီနေ့ထုတ်ပေးရာမှာ အများစုက ကတ်ပြားထုတ်ယူတာ မရှိဘူးလို့ သိရပါတယ်။
2017-06-12
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက အိမ်ခြေ ၄ ထောင်လောက်ကို ကျူးကျော်နေအိမ်တွေအဖြစ် သတ်မှတ်ပြီး တိုင်းအစိုးရရဲ့ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ စတင်ဖြိုဖျက်နေပါတယ်။
2017-06-11
ဇွန်လ ၁ဝ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " နိုင်ငံရေးနဲ့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးပညာသီဟ (ရွှေည ဝါဆရာတော်) ၊ ဦးပါမောက္ခ (မကွေးကျောင်းတိုက် ဆရာတော်) နဲ့ ဦးဣဿရိယ (မင်းသုညဗုဒ္ဓတက္ကသိုလ် ၊ ရွှေဝါရောင်သံဃာ့အရေးအခင်း) တို့ က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-06-10
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကြယ်ပွင့်ပြမေးခွန်းတချို့ကို ဝန်ကြီးဌာနတွေက သတ်မှတ်ချိန်အတွင်း လာရောက်ဖြေဆိုနိုင်တာ မရှိတဲ့အတွက် ကိုယ်စားလှယ်တွေရဲ့အခွင့်အရေး ဆုံးရှုံးနေတယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေက ဝေဖန်နေကြပါတယ်။
2017-06-10
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ ပြင်ဆင်ရေးကို အမျိုးသားလွှတ်တော်မှာ မေးခွန်းမေးဖို့ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်-ခေါ် စာရေးဆရာ ဝင်းထွဋ်ဇော်က ပါတီကိုတင်ပြရာမှာ ပါတီရဲ့ မေးခွန်းနဲ့အဆို စိစစ်ရေးကော်မတီက ဒုတိယအကြိမ် ဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။
2017-06-10
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အရင်ပြည်နယ်အစိုးရ ဝန်ကြီးဟောင်းတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ ခွဲဝေယူထားကြတဲ့ မြေယာတွေ ပြန်လည်ရရှိရေး အတွက် ဒေသခံတောင်သူတွေ ဇွန်လ ၉ ရက်နေ့မှာ ၄ ကြိမ်မြောက် ဆန္ဒပြခဲ့ကြပါတယ်။
2017-06-10
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။