သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-24
အစိုးရခွင့်ပြုချက်မရှိပဲ မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်နေတဲ့ ကျောင်းတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ အပါအဝင် ခုနှစ်ဦးကို ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေခွန်ဥပဒေနဲ့ တရားစွဲဆိုလိုက်ပါတယ်။
2019-05-24
ဝန်ထမ်းစည်းမျဉ်းစည်းကမ်း မလိုက်နာဘဲ သတင်းပေးတာတွေမလုပ်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို သတိပေးလိုက်ပါတယ်။
2019-05-23
တပ်မတော်က တရားစွဲဆိုထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဒီနေ့ အင်းစိန်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။
2019-05-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ၊ လဂူးချောင်ရပ်ကွက် ၆က ပုဂ္ဂလိကကုမ္ပဏီ ၃ခုရဲ့ မြေစာစွန့်ပစ်မှုကြောင့် အိမ်ခြေ ၂၈လုံး အက်ကွဲပြိုကျတော့မယ့် အခြေအနေ ရင်ဆိုင်နေရတာကို အမြန်ဆုံးဖြေရှင်းပေးဖို့ လူဦးရေ ၄ဝ လောက်က ဒီနေ့ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုကြပါတယ်။
2019-05-23
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြန်လည်လက်ခံရေး အစီအစဉ်ကို တစိတ်တပိုင်းထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
2019-05-23
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်း တို့က RFA ပရိသတ်တွေပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-05-23
တပ်မတော်သားအားလုံးကို သူခိုး၊ ဓားပြ၊ သူပုန်တွေ ဆိုပြီး ရေးသားချက်နဲ့ပတ်သက်လို့ ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အရေးယူပေးဖို့ အမရပူရမြို့နယ်တရားရုံးထံ လျှောက်ထားတာလို့ တရားလိုဖြစ်သူက ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-22
နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို တပ်မတော်ရဲ့ ဖိအားပေးမှုကြောင့် ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ပြီး တရားရုံးထုတ်တာလို့ သံချပ်အဖွဲ့ဝင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-22
ပညာရေး သင်ရိုးသစ် သင်တန်းတက်ရောက်နေတဲ့ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ထဲက အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးတို့အတွက် ပညာရေးဝန်ကြီးဌာနက လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။
2019-05-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၅) အောက်ချိုင့်ရပ်ကွက်ကနေ ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နစ်နာကြေးရရှိဖို့ ဖားကန့်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-05-22
တပ်မတော်ရဲ့ ဖိအားပေးမှုကြောင့် တရားစွဲခံရတာလို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသားတွေ ရုံးထုတ်ဖြစ်ရပ်ကြောင့် ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မ လေးခုနဲ့ အမှုဖွင့်ခံရသူတွေက ပြောလိုက်ပါတယ်။
2019-05-22
မကွေးတိုင်း မင်းဘူးမြို့နယ်မှာ တည်ဆောက်ပြီးစီးတဲ့ ပုဂ္ဂလိကပိုင် ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းကနေ ဆယ်ယူနစ်ကို အမေရိကန်ဒေါ်လာ ၁.၂၉ ဒေါ်လာနဲ့ အစိုးရကို ရောင်းချမယ်လို့ သိရပါတယ်။
2019-05-21
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာရှိတဲ့ မြေဧက ၂၀ မှာ ဆေးခြောက်အနွယ်ဝင် လျှော်ပင်စိုက်ပျိုးမှုနဲ့ အမေရိကန်နိုင်ငံသား နောက်ထပ် ၅ဦးကို ထပ်တိုးအမှုဖွင့်လိုက်ပြီး ပုဒ်မတချို့ကိုလည်း ပြောင်းလဲလိုက်ပါတယ်။
2019-05-21
ပြန်ကြားရေးဝန်ကြီးဌာန ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၃ ခုရဲ့ အစိုးရသက်တမ်း တတိယနှစ်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2019-05-20
ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနှစ်ဦးစလုံး ပထမဆုံးရုံးထုတ်ခဲ့ပြီး ရုံးထုတ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။