သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-26
ရထားပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအားနဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသုံးခုက ဂျပန်နိုင်ငံကနေ ယန်းငွေ ဘီလီယံတစ်ရာ၊ အမေရိကန်ဒေါ်လာသန်း ရှစ်ရာကျော် ချေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သြဂုတ်လ ၂၅ ရက်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းခဲ့ကြပါတယ်။
2015-08-26
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မနေ့က ပူးတွဲထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေ နိုးကြားတက်ကြွလာဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။
2015-08-25
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းအကြား သဘော ထားတွေ ကွဲလွဲကုန်ကြပြီဆိုပြီး ရေးသားပြောဆိုနေ တာတွေဟာ မှားယွင်းကြောင်း သြဂုတ်လ ၂၄ ရက် ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2015-08-25
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဒဂုံတက္ကသိုလ်က တကသ ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ သြဂုတ်လ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-08-25
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ရေဘေးဒဏ်ခံစားခဲ့ရ တဲ့ တောင်အူရွာ က ရေဘေးဒုက္ခသည်တွေဟာ အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေမရသေးပဲ ပရဟိတအဖွဲ့အစည်းတွေရဲ့ အကူအညီအထောက်အပံ့တွေ နဲ့ စားသောက်နေထိုင်နေကြရပါတယ်။
2015-08-25
ရခိုင်ပြည်နယ်က ရေဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပက ရခိုင်တိုင်းရင်းသားတွေ ပေးအပ်တဲ့ အကူအညီတွေကို လူမှုရေး အဖွဲ့အစည်းတွေကတဆင့် လှူဒါန်းခဲ့ပါတယ်။
2015-08-25
ချင်းပြည်နယ် ဟားခါးမြို့ ဒုက္ခသည်စခန်းတွေအတွက် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က ဆန်၊ ရေသန့်ဆေးပြားနဲ့ အဝတ်အထည်တွေကို သြဂုတ်လ ၂၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
2015-08-25
ကချင်ပြည်နယ် ချီဖွေနဲ့ဝိုင်းမော်မြို့နယ်အတွင်းက မေခမြစ်ကမ်း တလျှောက်မှာ တရားမဝင် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် မေခမြစ်ကြောင်းတလျှောက်က လူနေအိမ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေပါတယ်။
2015-08-21
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို RFA မြန်မာပိုင်း ဌာနမှူး ဒေါ်ညိမ်းရွှေက နေပြည်တော် တပ်မတော် စစ်ရုံးချုပ်မှာ သြဂုတ်လ ၂ဝ ရက်က သီးသန့် တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။
2015-08-21
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-08-21
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် က ရေဘေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး ဒေသခံလယ်သမားတွေအတွက် မျိုးစပါးတွေ အကူအညီ ပေးခဲ့ပါတယ်။
2015-08-21
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို RFA မြန်မာပိုင်းဌာန မှူး ဒေါ်ညိမ်းရွှေက နေပြည်တော်မှာရှိတဲ့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင် ရိပ်သာမှာ ဒီကနေ့ သြဂုတ်လ ၂ဝ ရက်နေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2015-08-21
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အမှုမှန် ဖော်ထုတ်ပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ဒေါ်နော်အုံးလှ အပါအဝင် ၅ ဦးကို အလုံမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လ ချမှတ်လိုက်ပါတယ်။
2015-08-21
ချင်းပြည်နယ် ဟားခါးမြို့မှာ မြေပြိုမှုတွေကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ပြီး၊ ရပ်ကွက်တွေထဲမှာ လူတွေ ဆက်လက်နေထိုင်ဖို့သင့်မသင့်ကို ဘူမိဗေဒ ပညာရှင်တွေက လေ့လာနေပါတယ်။
2015-08-21
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ဆွေးနွေးမှုကို ဆိုင်းငံ့ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံတာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အဲဒီဥပဒေကြမ်းကို ဆွေးနွေးမှု ဆိုင်းငံ့လိုက်ပါတယ်။