သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-01
မိုရာ ဆိုက်ကလုန်းမုန်တိုင်း အရှိန်ကြောင့် စစ်တွေမြို့နယ်က မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ နေအိမ်ခန်းတွေ ထောင်နဲ့ချီ ပျက်စီးသွားပါတယ်။
2017-05-31
ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ထိစပ်နေတဲ့ဒေသက ရွှေလီမြစ်ကမ်းပါး ပြိုကျနေတာကို ပြည်နယ်အစိုးရ ၂ ရပ် ပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ကြဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2017-05-31
အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု ကျဆင်းဖို့အတွက် အစိုးရရုံးတွေမှာ အကြောင်းပြချက် မခိုင်လုံဘဲ ရုံးချိန်းတွေ မကြာခဏ ပြောင်းနေတာတွေကို လိုအပ်တဲ့အရေးယူမှု၊ အမိန့်ဥပဒေတွေ ချမှတ်ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ မေလ ၃၀ရက်နေ့က ဆွေးနွေးပြီး မှတ်တမ်းတင်လိုက်ပါတယ်။
2017-05-30
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့ အခမ်းအနား ကို ဒီကနေ့ ကျင်းပခဲ့ပြီး၊ အစုအဖွဲ့အလိုက် ဆွေးနွေး ချက် ၄၁ ချက်ထဲက ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2017-05-30
တနင်္သာရီတိုင်း ထားဝယ်မြို့အရှေ့ဘက် ဟိန္ဒားသတ္တုမိုင်းက စွန့်ပစ်လိုက်တဲ့ရေတွေ အနီးအနား ချောင်းတွေထဲ မဝင်အောင် ကာထားတဲ့ "နုန်းစစ်ရေကန်"တွေဟာ အခိုင်အခန့် တည်ဆောက်ထားတာမဟုတ်တဲ့အတွက် မိုးကြီးတဲ့အခါ ရေကန်ပေါက်ကျပြီး ကျေးရွာတွေကို ရေဆိုးတွေဖုန်းလွှမ်းသွားမှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2017-05-30
ရှမ်းပြည်နယ်မှာ တဖက်အိမ်နီးချင်း နိုင်ငံတွေကနေ တရားမဝင်တင်သွင်းလာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေ ကို ဒေသလိုင်စင်တွေ ပြုလုပ်ပေးနေပေမယ့်၊ ကုန်ကျမယ့်နှုန်းထား မြင့်မားနေတဲ့ အတွက် သတ်မှတ်နှုန်း ထားတွေ ပြင်ဆင်ပေးဖို့ လိုင်စင်လုပ်ချင်သူတွေက လိုလားနေကြပါတယ်။
2017-05-30
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ "နမ့်စန်တိန်းချောင်း" သဘာဝရိပ်သာမှာ မိသားစုအခက်အခဲ အမျိုးမျိုးကြောင့် ပညာ မသင်ကြားနိုင်တဲ့ မူလတန်းအဆင့် ကလေးငယ်တွေ ပညာ သင်ကြားနိုင်ဖို့အတွက် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းကို မေလ (၂၉) ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ စတင်ဖွင့်လှစ်လိုက် ပါတယ်။
2017-05-27
မေလ ၂၇ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" ဒုအကြိမ် ၂၁ ပင်လုံညီလာခံအပေါ် အမြင်များ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးသန်းစိုးနိုင် (နိုင်ငံရေး လေ့လာသူ) က ပင်တိုင်ဆွေးနွေး မှာ ဖြစ်ပါတယ်။
2017-05-27
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို အထူးဖိတ်ကြားထားသူတွေအဖြစ် နေပြည်တော်ကို ရောက်ရှိနေတဲ့ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တေ့ွဆုံခဲ့ပါတယ်။
2017-05-27
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁- ရာစုပင်လုံ တတိယနေ့ အစည်းအဝေးမှာ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်... စတဲ့ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါတယ်။
2017-05-27
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2017-05-27
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါ တယ်။
2017-05-27
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးဝင်းထဲမှာရှိတဲ့ ကေတီဗွီ၊ နိုက်ကလပ် စတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိတ်သိမ်းခိုင်းထားပေမယ့် ဆိုင်တချို့က ဒီကနေ့ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဖွင့်နေပြီဖြစ်ပါတယ်။
2017-05-26
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ အခုလ၁၁ရက်ကစတင်ပြီး တပ်မတော် RCSS/SSA နဲ့TNLA တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး အချို့နေရာတွေမှာ စစ်ရေးတင်းမာမှု တွေပါ ရှိနေတာကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စိုက်ပျိုးရာသီ မှာ နေရပ်ပြန်နိုင်ဖို့နဲ့ ကျောင်းဖွင့်ရာသီ ကလေးတွေ ကျောင်းတက်နိုင်ရေး အခက်ခဲရှိနေပါတယ်။
2017-05-26
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပခဲ့ပြီး၊ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။