သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-18
ဟားခါးမြို့ကို ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းတွေ မြေပြိုပျက်စီးပြီး လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်သွားတဲ့အတွက် စားသောက်ကုန်တွေ နဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
2015-08-14
လာမယ့်ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီ နယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင်- အငြိမ်းစားတပ်မတော် ထိပ်တန်း အရာရှိကြီးတွေဟာ နေပြည်တော် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲမှာ သြဂုတ်လ ၁၄ ရက်နေ့က အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
2015-08-14
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မိုးရွာသွန်းမှုများပြားပြီး အင်းတော်ကြီးကန် ရေတွေလျှံလာတာကြောင့် ကန်အနီးက လယ်ယာမြေဧကသုံးထောင်ကျော် ရေနစ်မြုပ်နေပါတယ်။
2015-08-14
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ၁၄ မိုင်အကွာ၊ ကလေး-ကလေးဝ ကားလမ်းပေါ်က ကျောက်ကာ ရွာမှာ ရေကြီးတဲ့အတွက် အိမ်ခြေတရာကျော် မြစ်ထဲ မျောပါသွားပြီး လူဦးရေသုံးရာကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
2015-08-14
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အာဘော်ကို အဓိက ရေးသားဖော်ပြနေတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာကို ယာယီရပ်ဆိုင်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၃ ရက်နေ့က ညွန်ကြားလိုက်ပါတယ်။
2015-08-14
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းနဲ့ ပါတီဗဟိုခေါင်းဆောင် တချို့ကို ဖယ်ရှားလိုက်တာဟာ လာမယ့်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် ရိုက်ခတ်မှုရှိနိုင်တယ်လို့ ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။
2015-08-14
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ကို ထုတ်လွှင့်မှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-08-13
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေ တဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက် ထားပါတယ်။
2015-08-13
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အမှုမှန်ဖော်ထုတ်ပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ဒေါ်နော်အုံးလှ အပါအဝင် ၅ ဦးအမှုကို အလုံမြို့နယ်တရားရုံးမှာ ဒီနေ့ အပြီးသတ်ကြားနာခဲ့ပါတယ်။
2015-08-13
သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌတာဝန်က ဖယ်ရှားလိုက်ပြီးနောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွင်း အပြောင်းအလဲတွေ ဖြစ်လာတဲ့အကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။
2015-08-13
ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ ဒေသတွေ ထဲက... မြောက်ဦးမြို့မှာ ရေပြန်ကျသွားပြီ ဖြစ်ပေ မယ့် ပြန်လည်ထူထောင်ရေးတွေ လိုအပ်နေ ပါတယ်။
2015-08-13
မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ ပြီးခဲ့တဲ့လက ရေလွှမ်းမိုးခံခဲ့ရပြီးနောက်၊ နောက်ထပ်ကြုံတွေ့ လာနိုင်တဲ့ သဘာဝဘေးဒဏ်အပြင် အနီးအနားမှာရှိတဲ့ မုန်းချောင်းတမံနဲ့ ကြီးအုံကြီးဝ ရေကာတာနှစ်ခုကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-08-13
စစ်ကိုင်းတိုင်း ကလေးဝမြို့က ကျေးရွာတွေမှာ ရေပြန်ကျပြီးနောက် နုန်းတွေတင်ကျန်ခဲ့ပြီး နေအိမ်တွေ ကမ်းပါးပြိုတဲ့အထဲ ပါသွားတာတွေကြောင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။
2015-08-13
ရခိုင်ပြည်နယ်မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် ကာတွန်းဆရာတွေ စုပေါင်းပြီး ရန်ကုန် ကျောက်တံတားမြို့နယ်က ရွှေလင်ပန်းလဘက်ရည်ဆိုင်မှာ ကာတွန်းရေးဆွဲပြီး အလှူခံံနေပါတယ်။
2015-08-13
သြဂုတ်လ ၁၂ ရက်နေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ယုဒဿန်ခန်းမမှာ ကရင်လူငယ်အဖွဲ့အစည်းတွေက ဦးစီးကျင်းပခဲ့ပါတယ်။