သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-29
ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေရဲ့ဘဝမြှင့်တင်ရေး အတွက် ကယားပြည်နယ် လွိုင်ကော်မြို့မှာ အရပ်ဖက်လူမှု အဖွဲွ့အစည်းတွေ ဆွေေးနွး တခု ကျင်ပခဲ့ပါတယ်။
2016-06-29
ရန်ကုန်လို နေထိုင်စားသောက်မှု စားရိတ်ကြီးတဲ့မြို့ တမြို့မှာ အိမ်ငှားခ တလ ကျပ် သုံးသောင်း လေးသောင်းလောက်သာ တတ်နိုင်တဲ့ မိသားစုတွေအဖို့ ရပ်တည် နေထိုင်ရေးအတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းနေရသလဲဆိုတာကို RFA သတင်းထောက် ကိုအောင်သိင်္ခက ရိုက်ကူး တင်ပြထားပါတယ်။
2016-06-29
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ငွေကျပ် သန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၈ သိန်းခန့်ကို ဖမ်းဆီးခဲ့ပါတယ်။
2016-06-28
မန္တလေးမြို့က ပြည်ကြီးတံခွန်မြို့နယ်မှာ မန္တလေး တိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့စပြီး မှတ်ပုံတင် အခမဲ့ ဆောင်ရွက်ပေးနေပါတယ်။
2016-06-28
ကျိုက်ထီးရိုးတောင်ပေါ်မှာ ရိုးရိုးလေးကုမ္ပဏီက ပိုပြီးတည်ဆောက်ထားတဲ့ တည်းခိုဆောင်ထဲက အခန်း တစ်ရာ့ခြောက်ခန်းကို တစ်လအတွင်း အပြီး ဖျက်ပေးဖို့နဲ့ မလိုက်နာပါက လုပ်ငန်းအားလုံးကို ရပ်ဆိုင်းသွားဖို့ ညွှန်ကြား သွားမယ်လို့ ဒီနေ့ နေပြည်တော် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးရုံးမှာ ကျင်းပတဲ့ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2016-06-28
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စဟန်ဟီးလီဟာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေနဲ့ ဇွန်လ ၂ရရက်နေ့က တွေ့ဆုံခဲ့ ပါတယ်။
2016-06-28
ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အစိုးရ ဌာနဆိုင်ရာအဖွဲ့တွေ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2016-06-28
ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားမဝင်ရောင်း ဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးနေ့အခမ်းအနား ကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့ တို့မှာ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2016-06-28
ကချင်ပြည်နယ်ကနေ နေရပ်ပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သား ရခိုင်တိုင်းရင်းသားတွေအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဗုဒ္ဓပါဒခြေတော်ရာ အနီးမှာ ဆောက်လုပ်ထားတဲ့ လုံးချင်းနေအိမ် ၆၀ ကျော်ကို အစိုးရက ပေးအပ်ခဲ့ပါတယ်။
2016-06-28
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးနေဝင်းအစိုးရလက်ထက်က အင်းစိန်ထောင်ထဲမှာ ကြိုးပေးခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် ၄ဝပြည့်အခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ စိတ်တိုင်းကျစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
2016-06-25
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဇွန်လ ၂၄ ရက်နေ့မှာ ကချင်ပြည်နယ်ကို သွားရောက် ခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
2016-06-25
၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးမယ့်အချက်တွေနဲ့ ပတ်သက်ပြီး တအာန်း ပလောင်ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-06-25
ကယားပြည်နယ် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးနဲ့ အရပ်ဖက်အဖွဲ့အစည်း ၂၈ ဖွဲ့က ကိုယ်စားလှယ်တွေ ပြည်နယ်အစိုးရ ရုံးခန်းမမှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။
2016-06-25
၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က မဏိရတနာ ကျောက်မျက်ပြတိုက်မှာ ဖွင့်လှစ်ရာမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။
2016-06-25
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။