သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-08
ဧရာဝတီမြစ်ရေ တက်လာတာကြောင့် မကွေးတိုင်း ရေနံချောင်းမြို့နယ်ထဲက ကျေးရွာတွေ ရေနစ်မြုပ်နေပြီး ရေနံချောင်းမြို့မှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပါတယ်။
2015-08-08
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-08-07
သမ္မတဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်ရေဘေး ကယ် ဆယ်ရေးအတွက် ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိတဲ့ ငွေကြေးနဲ့ စားနပ်ရိက္ခာတွေကို ရခိုင်ပြည်နယ်အစိုးရက တဆင့် ပေးအပ်လိုက် ပါတယ်။
2015-08-07
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ထဲက ရွာမနဲ့ ကျောင်းစုကျေးရွာတွေမှာ နေအိမ် အတော်များများ ရေနစ်မြုပ်နေတဲ့အတွက် ဒေသခံရွာသားတွေဟာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရသလို၊ ရေမနစ်သေးတဲ့ အိမ်အထပ်ခိုးတွေမှာ နေကြသူတွေလည်း ရှိနေပါတယ်။
2015-08-07
ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ရေလွှမ်းမိုးခံနေရတဲ့ ကျေးရွာ ၆ဝ ကျော်က ဒေသခံအမျိုးသမီးတွေနဲ့ ကလေးတွေဟာ မြို့ပေါ်မှာဖွင့်လှစ်ထားတဲ့ ရေးဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
2015-08-07
တစ်နိုင်ငံလုံး ရေဘေးဒုက္ခတွေ့နေချိန်မှာ ဆန်ဈေးနှုန်းမတက်အောင် ထိန်းညှိသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2015-08-07
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် သီးနှံနဲ့မြေယာဆုံးရှုံးခဲ့တဲ့ တောင်သူတွေနဲ့ အစိုးရအုပ်ချုပ်ရေးမှူးတွေ၊ NEO ကုမ္ပဏီတို့ ညှိနှိုင်းရာမှာ ပြေလည်မှုမရပဲ ပြီးဆုံးသွားပါတယ်။
2015-08-07
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့တို့ရဲ့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ဒီနေ့ စတင်ပြုလုပ်နေပါတယ်။
2015-08-06
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြိုနယ်က စစ်ပြေးဒုက္ခသည်စခန်းတွေမှာ မဲစာရင်းတွေ ကြေညာပေးတာမရှိသေးတဲ့အတွက် စခန်းမှာနေထိုင်သူတွေ မဲပေးခွင့်ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။
2015-08-06
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ အနီးတဝိုက်က ကယ်ဆယ်ရေးအကူအညီရောက်ဖို့ ခက်ခဲတဲ့နေရာတွေကို ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဖောင်ဒေးရှင်းက သွားရောက်လှူဒါန်းနေရာမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရပါတယ်။
2015-08-06
ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေ နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ဒီနေ့လျှောက်လွှာတင်ခဲ့ကြပါတယ်။
2015-08-06
ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်လာတာကြောင့် မင်းဘူးနဲ့မကွေးမြို့က ရပ်ကွက်တချို့ ရေနစ်မြုပ်နေပါတယ်။
2015-08-06
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းက ရေကြီးခဲ့တဲ့ ကျေးရွာတချို့မှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ဖို့ခက်ခဲတဲ့ ကျေးရွာတွေဖြစ်တာကြောင့် ဒေသခံတွေ အကူအညီ လိုအပ်နေပါသေးတယ်။
2015-08-06
ကလေးမြို့နယ် ကွန်ပြူတာတက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေနဲ့ ဒေသခံ ၄ဝ ကျော် ဒီနေ့အထိ ရေကြီးကတည်းက ပိတ်မိနေဆဲဖြစ်ပါတယ်။
2015-08-04
မန္တလေးမြို့မှာ ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေရှာဖွေရေးကို လူမှုရေးအသင်းအဖွဲ့တွေ ၊ နိုင်ငံရေးအင်အားစုတွေအပြင် ပန်းချီ အနုပညာရှင်တွေကလည်း ပါဝင်ဆောင်ရွက်ပေးနေ ပါတယ်။