သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-04
၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပြီး၊ လက်ရှိအခြေအနေဟာ တိုင်းပြည်မှာ အစိုးရ ၂ ရပ်ရှိသလို ဖြစ်နေတယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောလိုက်ပါတယ်။
2017-05-04
ရခိုင်ဒေသအရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်ကို ကျမတို့ ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-05-04
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ တတိယအကြိမ်ညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေပါတယ်။
2017-05-04
အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်က သုသေတနပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ပူးတွဲပြီး ကျောက်မီးသွေးသုံးလောင်စာရဲ့ ကောင်းကျိုးဆိုးကျိုးဆိုင်ရာ တွေ့ရှိချက်တွေကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2017-05-04
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃကြောင့် လွတ်လပ်စွာ သတင်းရေးသားခွင့်ကို ထိခိုက်စေ တယ်လို့ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ် မှာ မေလ (၃) ရက်နေ့ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ သတင်းမီဒီယာအဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
2017-05-04
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ကျင်းပရာမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခဲ့ပါတယ်။
2017-05-04
ဥရောပ ၃ နိုင်ငံကို ခရီးရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မောင်တောဒေသက မွတ်ဆလင်တွေ အရေးနဲ့ပတ်သက်လို့ သတင်းထောက်တွေက အဓိကထား မေးမြန်းခဲ့ကြပါတယ်။
2017-05-04
ရန်ကုန်မြို့က ဘတ်စကားလောကမှာ ပထမဆုံးအနေနဲ့ ယာဉ်စီးခ သတ်မှတ်မထားဘဲ ခရီးသည်တွေ ကျေနပ်သလောက် ပေးတာကိုသာယူတဲ့ ဘတ်စ်ကားတွေကို အင်းစိန်ကနေ မော်တင် ပြေးဆွဲနေတဲ့ YBS-၂၁ အထူးယာဉ်လိုင်းက စမ်းသပ်ပြေးဆွဲနေပါတယ်။
2017-05-04
ကယားပြည်နယ် ဒီမောဆိုမြို့မှာ အခြေအနေ အမျိုးမျိုးကြောင့် ဆယ်တန်းမအောင်တဲ့ လူငယ်တွေ ဆက်လက်ပညာသင်ကြားနိုင်တဲ့ "ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်"ဆိုတဲ့ သင်တန်းကျောင်းရှိပါတယ်။
2017-05-03
ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ချိန်မှာ ငါးဖမ်းပိုက်ချခွင့် ၃ လ ပိတ်ပင်ထား တဲ့အတွက် ဧရာဝတီ မြစ်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူတွေ စားဝတ်နေရေး အခက်တွေ့နေတယ်လို့ မကွေးတိုင်း မင်းဘူး မြို့နယ်က တံငါတွေက ပြောပါတယ်။
2017-05-03
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းတိုက်နယ်က "ကေလာသ" သဘာဝထိန်းသိမ်းရေး နယ်မြေမှာရှိတဲ့ ပိတ်သိမ်းထားတဲ့ ကျောက်မိုင်းကို ပြန်ပြီးလုပ်ကိုင်ခွင့်ပေးဖို့ ဒေသခံ ၂ ရာလောက် တောင်စွန်းရွာ၊ ကင်းရွာနဲ့၊ ဘီးလင်းမြို့က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။
2017-05-02
စစ်ကိုင်း ပညာရေး ကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်ရေးစနစ်ကို ခွင့်ပြုမိန့်မတင်ဘဲ ကန့်ကွက် ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသား ၄ ဦးကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ မေလ ၂ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2017-05-02
ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား- လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဗဟိုဘဏ်နဲ့၊ နေပြည်တော်ကောင်စီတို့ရဲ့ အစိုးရသစ်တနှစ်တာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-05-01
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တွေစုပေါင်းပြီး လုပ်အားခ အပြည့်အဝ ရရှိရေးအပါအဝင် အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် ချင်းမိုင်မြို့မှာ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
2017-05-01
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းရွှေမှော်က ဒေသခံတွေ တစ်ပိုင်တစ်နိုင်တူးဖော်ကြ တဲ့ ရွှေလုပ်ကွက်တွေကို ကုမ္ပဏီတွေကဝင်ရောက် လုပ်ကိုင်နေတဲ့အတွက် ဒေသခံ ရွှေမှော်လုပ်သား တစ်ထောင်လောက် အလုပ်လက်မဲ့ဖြစ်နေကြရပါတယ်။