သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-26
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်က စမတောင်ဆရာတော် ဦးဝိမလ တည်ထောင်ထား တဲ့ ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယာဉ်မှာ မိဘတွေစွန့်ပစ်ခံရတဲ့မွေးကင်းစကလေးကနေ ဘွဲ့ရတဲ့ အရွယ်ထိ အနယ်နယ်အရပ်ရပ်က လူမျိုးမခွဲ၊ ကိုးကွယ်ရာဘာသာမခွဲခြားပဲ ကလေးပေါင်း ၇၀၀ နီးပါး ကို စောင့်ရှောက်ထားပါတယ်။
2017-04-26
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က တင်ပြလာတဲ့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2017-04-25
အရင် မကွေးတိုင်းအစိုးရလက်ထက်က လက်ယက်ရေနံတွင်းတွေကနေ ကောက်ခံထားတဲ့ ရန်ပုံငွေ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ ပြည်ထောင်စု အစိုးရရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်ပြီးအရေးယူ ဆောင်ရွက်သွားဖို့ တိုင်းအစိုးရကို ပြန်လည်လွှဲအပ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဒီကနေ့ ဧပြီလ ၂၅ ရက် နေ့မှာ မကွေးတိုင်းအစိုးရအဖွဲ့က သတင်းမီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။
2017-04-25
နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အမျိုးသမီးအလုပ်သမား တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ သုတေသနစာတမ်းနဲ့ ရုပ်သံမှတ်တမ်းကို မြန်မာအမျိုးသမီးသမဂ္ဂက လေးလကြာ စုဆောင်းပြုစုခဲ့ပါတယ်။
2017-04-25
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်မှုထမ်းဟောင်းတွေအတွက် အိမ်ရာဆောက်လုပ်ဖို့ဆိုပြီး စက်ရုံစု ရပ်ကွက်မှာရှိတဲ့ ကျူးကျော်တဲအိမ်အလုံး ၂ ရာကျော်ကို အစိုးရက ဖယ်ရှားနေပါတယ်။
2017-04-25
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်အစိုးရ လက်ထက်ကတည်းက ကော်ဖီစီမံကိန်းအတွက် ဆိုပြီး သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် နောင်ချိုမြို့နယ်၊ ခိုအုံကျေးရွာအုပ်စု ယင်းငူပင်ကျေးရွာက တောင်သူတွေက ဧပြီလ ၂၄ ရက်နေ့က စပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေကြ ပါတယ်။
2017-04-24
အစိုးရသစ် တနှစ်ပြည့်အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနမှာ ဆက်လက်ကျင်းပရာမှာ၊ ဒီကနေ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး-မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ရှင်းလင်းခဲ့ပါတယ်။
2017-04-24
ရန်ကုန်မြို့က YBS ဘတ်စ်ကားစနစ်ကို ပိုမိုကောင်းမွန်လာစေရေးအတွက် အရေးယူဆောင်ရွက်ချက် တွေကို အများပြည်သူသိရှိအောင် ပွင့်လင်းမြင်သာစွာ ချပြဖို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် တင်သွင်းတဲ့အဆိုကို ဒီကနေ့ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ရန်ကုန်တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ၂၆ ဦးက ထောက်ခံဆွေးနွေး အကြံပြုခဲ့ကြပါတယ်။
2017-04-24
ပြီးခဲ့တဲ့ဧပြီလ ၁၄ ရက်နေ့က သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရတဲ့ အမှုမှာ ပြစ်မှုကျူးလွန်သူ တရားခံ ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။
2017-04-24
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2017-04-23
ဧပြီလ ၂၂ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " မူးယစ်ဆေးဝါး ဖြတ်နေသူတွေ အကြောင်း " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုရန်နိုင် (JC Myanmar အသင်းတော် တည်ထောင်သူ)၊ ကိုအားခီ ( JC Myanmar အသင်းတော်မှာ နေ ထိုင်သူ) နဲ့ ဦးမြင့်ခိုင် (အတွင်းရေးမှူး - MANA) တို့က ပင်တိုင် ဆွေးနွေးကြမှာ ဖြစ် ပါတယ်။
2017-04-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၃)နှစ်ပြည့် အောက့်မေ့ ဖွယ်ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့နဲ့ မန္တလေး မြို့တွေမှာဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-04-22
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လမ်းကြောင်းအတိုင်း မဟုတ်ဘဲ လမ်းကြောင်းသစ် ဖော်ဆောင်သွားမယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အစိုးရကို တရားဝင် ပေးပို့ထားတာ မရှိသေးတဲ့အတွက် သဘောထားမှတ်ချက်ပေးဖို့ စောသေးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2017-04-22
ဆရာကြီးဦးဝင်းတင်ကွယ်လွန်ခြင်း အထိမ်းအမှတ် ၃ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက အကျဉ်းထောင်အင်္ကျီ အပြာရောင်ကို ဝတ်ဆင်ပြီး ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။
2017-04-22
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က မြောက်ပိုင်း ခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေဖြစ်သူကို စစ်ဆေးခဲ့ပါတယ်။