သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-24
လူငယ်တွေ အလုပ်အကိုင်ရှာဖွေရာမှာ အထောက်အကူဖြစ်စေဖို့အတွက် “မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းပြပွဲ” ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းက Envoy တပ်မတော်ခန်းမမှာ ဇူလိုင်လ ၂၄ ရက်နေ့က စတင်ကျင်းပနေပါ တယ်။
2015-07-24
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-23
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှာ ကျောင်းသူ ၊ ကျောင်းသားတွေအတွက် တက္ကသိုလ်ကြိုပို့ ယာဉ် စီးခနှုန်း တွေဟာ တစ်ခေါက်ကို ၂၀၀ ကနေ ၃၀၀ ကျပ်အထိ မြင့်တက်သွားတဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။
2015-07-23
ငြိမ်းချမ်းရေးဖခင်ကြီးလို့ ခေါ်ကြတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၁ နှစ် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းက ဆရာကြီးရဲ့ ဂူဗိမ္မာန်မှာ ကျင်းပခဲ့ပါတယ်။
2015-07-23
ငြိမ်းချမ်းရေးဖခင်ကြီးလို့ ခေါ်ကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၁ နှစ် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းက ဆရာကြီးရဲ့ ဂူဗိမ္မာန်မှာ ကျင်းပခဲ့ပါတယ်။
2015-07-23
အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုစားလှယ်အဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ဒုတိယနေ့အဖြစ် တွေ့ဆုံခဲ့ကြပါတယ်။
2015-07-23
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ မိုးအဆက်မပြတ်ရွာခဲ့တာကြောင့် ကျေးရွာအတော်များများ ရေမြုပ်ခဲ့ရပါတယ်၊ ရေပြန်ကျသွားပြီဖြစ်ပေမယ့် ရေဘေးဒုက္ခသည် ဒေသခံတွေ အကူအညီလိုအပ်နေဆဲဖြစ်ပါတယ်။
2015-07-23
“ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ ဒီကနေ့အစီအစဉ်မှာ… ချင်းပြည်နယ် မင်းတပ်မြို့က ချိုချင်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးနဲ့ တစ်နေ့တာ တွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သားကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-23
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အချော သတ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိုနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ ဆုံဆွေးနွေးနေကြပါတယ်။
2015-07-23
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲ သတင်းအချက်အလက်ဌာနက သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
2015-07-23
တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ ၄ ဦးကို ဒဏ်ငွေ ၁ သောင်း (ဒါမှမဟုတ်) ထောင်ဒဏ် ၂၁ ရက် ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-07-23
စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ကောလင်း-ကန့်ဘလူမြို့နယ်တွေမှာ ရေကြီးခဲ့ပြီး မန္တလေး- မြစ်ကြီးနား ရထားခရီးစဉ်ကို ရပ်နားထားရပါတယ်။
2015-07-23
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ထဲက ၁၅၃ ယောက် ကို မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။
2015-07-21
ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
2015-07-21
အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးလုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ရှေ့မှာ လူငယ် တွေက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။