သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-01
အရင်အစိုးရလက်ထက်က တရုတ်အစိုးရပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ သမဝါယမဝန်ကြီးဌာနက ချေးယူပြီး တောင်သူတွေကို ထုတ်ချေးတဲ့ငွေတွေကို ရှမ်းပြည်နယ်က တောင်သူတွေ ပြန်မဆပ်နိုင်တဲ့အတွက်၊ ၆ လတစ်ကြိမ် အကြွေးပြန်ဆပ်ရမယ့်အစား တစ်နှစ်တစ်ကြိမ် ပြန်ဆပ်ခွင့်ပေးဖို့ လက်ရှိသမဝါယမဦးစီးဌာနကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က တိုက်တွန်းလိုက်ပါတယ်။
2016-06-01
မန္တလေးတိုင်း မိုးကုတ်မြို့လယ်က အင်းကြီးကို ပြီး ခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံတော် သမ္မတဖွံဖြိုးမှု သီးသန့်ရန်ပုံငွေထဲ ကနေ ငွေကျပ် သန်း ၁၉၀၀ ကျော် သုံးစွဲပြီး ပြုပြင်ခဲ့ပေမယ့် အခုထိ ပြင် ဆင်မှုမပြီးပြတ်သေးဘူးလို့ ဒေသခံတွေက ပြောပါ တယ်။
2016-06-01
အရင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့ကြတဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလီယံကို အစိုးရသစ်လက်ထဲ လွှဲပြောင်းပေးတာ မရှိခဲ့ဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ မေလ (၃၁) ရက်နေ့ ဒီကနေ့ ပြောလိုက်ပါတယ်။
2016-06-01
ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု နည်းလာအောင် ၆ လကနေ တနှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်သလို၊ တိုးတက်မှုအခြေအနေကိုလည်း အများပြည်သူသိအောင် တင်ပြသွားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2016-06-01
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာက စစ်ပြေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
2016-05-31
၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး အတွက် ပြင်ဆင်တဲ့ ဆွေးနွေးပွဲကို နေပြည်တော်က Horizon ဟိုတယ်မှာ မေလ (၂၈) ရက်နေ့ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ပြီး အဲဒီ အစည်းအဝေး က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ပြင်ဆင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
2016-05-31
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပွဲတွေ ရပ်တန့်ပေးဖို့ သီပေါမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေက မေလ (၃ဝ) ရက်နေ့ ဒီနေ့ ဆုတောင်းပွဲကျင်းပခဲ့ကြပါတယ်။
2016-05-31
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့၊ အသစ်ဖွဲ့စည်းလိုက် တဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်- နကသ အဖွဲ့ဝင်ကျောင်းသားတွေ ရန်ကုန်မြို့ သထုံလမ်းမှာရှိတဲ့ အဆင့်မြင့်ပညာဦးစီးဌာနမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-05-31
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ပါတီခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိဘူးလို့...ပါတီက ထုတ်ပယ်ခံလိုက်ရတဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်း ၁၂ ဦးက အိတ်ဖွင့်ပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2016-05-31
ဒီနှစ်အတွက် "ပြည်သူ့ဂုဏ်ရည်ဆု " ရတဲ့ ပင်းတယမြို့က ဖန်မီးရှင်အဖွဲ့ ဆရာဝန်ဒေါက်တာသန်းမင်းထွဋ်နဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆုရရှိတဲ့သူတွေကို ရန်ကုန်မြို့ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ မေလ ၂၈ ရက်နေ့က ဆုချီးမြှင့်ခဲ့ပါတယ်။
2016-05-31
မိုးကြိုကာလအတွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် ပညာပေး ဆွေးနွေးပွဲတခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
2016-05-31
လူငယ်တွေစာဖတ်ဖို့၊ စာကြည့်တိုက်တွေ သွားကြဖို့ တိုက်တွန်းတဲ့ "စာဖတ်ရှိန် မြှင့်တင်ရေး" လှုပ်ရှားမှုတခုကို စာကြည့်တိုက်များကွန်ရက်က ဦးစီးပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ မေလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2016-05-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အတွက် ဆွေးနွေးခဲ့ပါတယ်။
2016-05-28
ရန်ကုန်မြို့အခြေစိုက် "သပြေ" ပညာရေးဖောင်ဒေးရှင်းက ကျင်းပ တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ သင်တန်းဆင်းပွဲ ကို ရန်ကုန်မြို့ IBC ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-05-28
"ရသ တံတား" လို့အမည်ပေးထားတဲ့ ဘာသာပြန်စာပေပွဲတော်ကို ရန်ကုန်မြို့က တော်ဝင်စင်တာမှာ သုံးရက်ကြာ ကျင်းပနေပါတယ်။