သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-16
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဇူလိုင်လ ၁၅ ရက်နေ့က တွေဆုံခဲ့ပါတယ်။
2015-07-16
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွေက ကန့်ကွက်နေတဲ့ အကျဉ်းထောင်များဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2015-07-16
ရှမ်းပြည်နယ်ဟာ မိုးတွင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေများပြားလွန်းတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ရှမ်းပြည်နယ် တောင်ကြီးမြို့ မီးသတ်တပ်ဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ ပထမဆုံးအကြိမ်လေ့ကျင့်နေကြပါတယ်။
2015-07-16
စစ်ကိုင်းမြို့ ကန္နားတော်ရပ်ကွက်မှာ ရိုးရာလက်မှုပညာဖြစ်တဲ့ စက္ကူရုပ်လုပ်ငန်းကို စားဝတ်နေရေး အတွက် လုပ်ကိုင်နေကြသူတွေများပါတယ်။ ဈေးကွက်သိပ်မရှိတော့ပေမယ့် ရိုးရာလုပ်ငန်းဖြစ်တဲ့အတွက် စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
2015-07-16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဝါဘိုကျေးရွာဟာ ရှေးအစဉ်အဆက်ကတည်းက ရခိုင်ရိုးရာ ရက်ကန်းလုပ်ငန်းနဲ့ ရပ်တည်လာခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။
2015-07-15
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်အရွေး မခံတော့ဘူးလို့ သတင်းတွေထွက်ပေါ်လာနေပါတယ်။
2015-07-15
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ "တင်ဟော့ ဇာထိုးပန်းထိုး စက်ရုံ"က အလုပ်သမား ၁ဝဝ ကျော်လောက်ဟာ စက်ရုံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ မနေ့က ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
2015-07-15
လားရှိုးမြို့နယ် ဆင်တောင်ခေးနင်းကျေးရွာ ကတောင်သူတွေစိုက်ပျိုးထားတဲ့ ယာမြေတွေကို စစ်တပ်က ဘူဒိုဇာတွေနဲ့လာရောက်ရှင်းလင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံ ခေးနင်း ကျေးရွာသား အယောက်(၅၀)ကျော်ဟာ သူတ့ိုလုပ်ကိုင်နေတဲ့လယ်ယာမြေတွေမှာစုဝေးခဲ့ ကြပါတယ်။
2015-07-15
မကွေးမြို့မှာ ကုန်တင်ကားဆိုက်ကပ်ရပ်နားဖို့ ကားကွင်းသတ်မှတ်ပြီး မြို့တွင်းကုန်သယ်ကုန်ချခွင့် တားမြစ်လိုက်တဲ့အတွက် ကားသမားနဲ့ကုန်သည်တွေ ကမကျေနပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
2015-07-15
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ နန္ဒဝန်ရပ်ကွက်မှာ လေလွှင့်နေတဲ့ခွေး ရာနဲ့ချီပြီး ကျွေးမွေး စောင့်ရှောက်ထားတဲ့ ဂေဟာတစ်ခု ရှိပါတယ်။
2015-07-15
ရခိုင်ပြည်နယ် စစ်တွေမြို့က မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်းမှာ မျက်မမြင်တွေကို အတန်းပညာတွေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ကြားပေးနေပါတယ်။
2015-07-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အားလုံးနီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဇူလိုင်လ ၁၁ ရက် စနေနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2015-07-14
လာမယ့် ၂၀၁၅ နိုဝင်ဘာလ ဂ ရက်နေ့ ရွေးကောက်ပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ချို့ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
2015-07-14
အစိုးရက အဆိုပြုသတ်မှတ်လိုက်တဲ့ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀ဝ အစား ၄၀၀၀ သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂကွန်ရက်က ဇူလိုင်လ ၁၂ရက်က လှိုင်သာယာ မြို့နယ် လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-07-14
ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တည်ထောင်ခဲ့တဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို မနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ မနေ့က အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။