သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-28
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-05-27
Bush Institute ရဲ့အစီအစဉ်အရ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်ရှိနေတဲ့ ဒီမိုကရေစီပညာရေး၊ ကျောင်းသားအခွင့်အရေး လှုပ်ရှားသူ ကိုလင်းထက်နိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တွေ့ဆုံ မေးမြန်းထားပါတယ်။
2016-05-26
ဒီနှစ် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်းအဆင့်အားလုံးကို အခမဲ့ ကျောင်းအပ်နိုင်ပြီး မူလတန်းအဆင့်ကို အစိုးရက ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးနေပါတယ်။ သူငယ်တန်း သင်ရိုးညွှန်းတန်းကိုလည်း ဒီနှစ်ကစပြီး ပြောင်းလဲ သင်ကြားတော့မှာ ဖြစ်ပါတယ်။
2016-05-26
ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ် ပါတီ... စတဲ့ ကရင် နိုင်ငံရေးပါတီ ၅ ခုကို တခုတည်းဖြစ်အောင် ပေါင်းစည်းဖို့ ပါတီခေါင်းဆောင်တွေ ကြိုးပမ်းနေကြရာမှာ၊ အားလုံးလက်ခံနိုင်မယ့် ပါတီဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်မူအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
2016-05-26
ကချင်ပြည်နယ်မှာ ပြီခဲ့တဲ့ ဖေဖော်ဝါရီလကနေ မေလ (၂၆) ရက်နေ့ ဒီကနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ခေါင်လန်ဖူးမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားပြီး စားနပ်ရိက္ခာပြတ်လပ်နေတာကို ပြည်နယ်အစိုးရအနေနဲ့ အကူအညီပေးဖို့နဲ့ လမ်းတွေပြင်ဆင်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက အရေးကြီးအဆိုတင်သွင်းခဲ့ကြပါတယ်။
2016-05-26
ဝန်ကြီးချုပ် ဦးဇော်မြင့်မောင် ဦးဆောင်တဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဟာ မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၂၆ ဖွဲ့က ကိုယ်စားလှယ်တရာကျော်နဲ့ မေလ (၂၆) ရက်နေ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-05-26
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် နော်ရှောင်းပညာရေးကွန်ရက်က လက်ထောက်သင်တန်းမှူးတဦးဖြစ်တဲ့ လနမ်တူးဟာ အမေရိကန် သမ္မတဟောင်း George W. Bush တည်ထောင်ထားတဲ့ Bush Institute ရဲ့ အစီအစဉ်နဲ့ အမေရိကန်နိုင်ငံကို ခေတ္တရောက်ရှိနေပါတယ်။
2016-05-26
အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် တည်ထောင်ထားတဲ့ လူငယ်ခေါင်းဆောင် အရည်အချင်းမြှင့် တင်ရေးသင်တန်းအတွက် ဝါရှင်တန်ဒီစီမြို့ကို ခေတ္တရောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အထွထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို ဗကသများ အဖွဲ့ချုပ်ရဲ့ အလားအလာနဲ့ ဒီမိုကရေစီပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က RFA ရုံးချုပ်မှာတွေ့ဆုံမေးမြန်း ထားပါတယ်။
2016-05-26
သမ္မတဦးသိန်းစိန်လက်ထက်က မန္တလေးတိုင်း မိုးကုတ်မြို့လယ်ခေါင်မှာရှိတဲ့ အင်းကြီးကို ပြင်ဆင်ဖို့အတွက် ဖွံ့ဖြိုးမှုသီးသန့်ရန်ပုံငွေထဲကနေ ငွေကျပ်သန်းနှစ်ထောင်နီးပါး သုံးစွဲခဲ့ပေမယ့် အခုချိန်အထိ အင်းပြုပြင်တာ မပြီးပြတ်သေးတဲ့အပေါ် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-05-25
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-05-25
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ဧကလေးထောင်နီးပါးရှိတဲ့ အစိုးရရဲ့ "ဝက်တိုးစီမံကိန်း" ဟာ အောင်မြင်မှုမရှိတာကြောင့် မြေဧက ထက်ဝက်လောက်ကို ဒေသခံတောင်သူတွေလက်ထဲ ပြန်ပေးမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက မေလ ၂၅ ရက်နေ့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။
2016-05-25
ရန်ကုန်တိုင်းအတွင်းက ကျူးကျော်နေထိုင်သူတွေ ပြဿနာကို ဖြေရှင်းသွားမှာဖြစ်ပြီး၊ မေလ ၂၅ ရက်နေ့ နောက်ပိုင်းမှာ ကျူးကျော်နေထိုင်လာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောလိုက်ပါတယ်။
2016-05-25
တက္ကသိုလ်ကျောင်းသားသမဂ္ဂ-တကသနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ-မြေလတ်ဒေသတို့ ပူးပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်- နကသ ဆိုပြီး ဖွဲ့စည်းလိုက်ပါတယ်။
2016-05-25
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝဝ ကျော်က ကိုယ်စားလှယ်တွေနဲ့ မေလ ၂၅ရက်နေ့က တွေ့ဆုံပြီး၊ မန္တလေးတိုင်းအတွင်း လူမှုရေးအဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2016-05-24
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သီပေါမြို့ကို စစ်ပြေးဒုက္ခသည်တွေ ထပ်မံရောက်ရှိလာပြီး၊ အခုဆိုရင် ဒုက္ခသည်အရေအတွက် တစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။