သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-29
ရန်ကုန်တဘက်ကမ်း တွံတေးမြို့နယ်ထဲက စေတီကတော့ ထူးထူးခြားခြား မြွေတွေကြောင့်ပဲ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား ရောက်လာနေကြတာပါ။
2019-03-29
ကျေးလက်ဒေသတွေမှာ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် ရန်ကုန်မြို့ကို ရွှေ့ပြောင်းအခြေချလာသူတွေ များလာပါတယ်။
2019-03-29
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အောက်သားကန်ကျေးရွာ အနီးမှာ မတ်လ၂၉ ရက် မနေ့က ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး သေဆုံးပြီး လူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-03-29
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခံထားရသူသုံးဦးရဲ့အမှုပြင်ဆင်လျှောက်ထားမှုကို ဒီကနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။
2019-03-29
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး အကြိမ်အဖြစ် ပြောကြားခဲ့ပါတယ်။
2019-03-28
မှတ်ပုံတင်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ Hotel Marvel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-03-28
ထိုင်းနိုင်ငံမှာ တရားဝင်စာရင်းဇယားအရ မြန်မာနိုင်ငံသားအလုပ်သမား နှစ်သန်းကျော်ရှိပြီး၊ မှတ်ပုံမတင်ဘဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်သန်းနီးပါး ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2019-03-28
အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေဖြစ်တဲ့ SSPP- TNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် မိုင်းမုကျေးရွာက နေအိမ်နှစ်လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။
2019-03-28
ဒီတပတ်အစီအစဉ်မှာ...ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က RFA ပရိတ်သတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-03-27
■ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူ အားလုံးနဲ့အတူ လက်တွဲပါဝင်လာဖို့ နှိုးဆော်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိက ပြောလိုက်ပါတယ်။
2019-03-27
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ လူအများညီလို့ ဆောင်ရွက်တာဟာ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်ပါတယ်။
2019-03-27
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ နှစ်သောင်းနှစ်ထောင်ကျော် ရှိနေပြဖြစ်
2019-03-26
ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့၊ အရပ်သားတွေ သေကြေဒဏ်ရာရနေရတာ ကာကွယ်ဖို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဝါရှင်တန်ဒီစီမြို့မှာ မတ်လ ၂၅ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2019-03-26
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ဒီကနေ့ကြားနာပြီး အပြန်အလှန် လျှောက်လဲချက် ပေးခဲ့ကြပါတယ်။
2019-03-26
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားလေးဦးကို မတ်လ ၂၄ ရက်နေ့ညမှာ ထောင်ဝန်ထမ်းတချို့က အုပ်စုဖွဲ့ရိုက်နှက်ခဲ့တယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။