သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-25
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar)က ဦးဆောင်ကျင်းပတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းခွဲ လူ့အဖွဲ့အစည်းဘက်မှအမြင်” စကားဝိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ၂ဝ၁၉ မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2019-03-25
ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်မတော်အပေါ် ထောက်ခံမှုများတာကြောင့် အစိုးရနဲ့ တပ်မတော်ရဲ့ အမြစ်ပြတ်ချေမှုန်းရေး အစီအစဉ်နဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
2019-03-25
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးအတွက် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ရာနီးပါး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2019-03-25
ဘူးသီးတောင်- မောင်တောဒေသမှာ ၂ဝ၁၇ သြဂုတ်လ ARSA အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက်တာဟာ လုပ်သင့်လုပ်ထိုက်လို့ ဆောင်ရွက်တာဖြစ်တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောလိုက်ပါတယ်။
2019-03-22
ပဲခူးတိုင်း ရေတာရှည်မြို့နယ်က ဆွာရေလှောင်တမံ ကျိုးကျပြီးနောက် ၈ လ ကျော်ကြာတဲ့အထိ ရေဘေးဒဏ်ခံ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း ဘဝတွေ ပြန်ပြီး ထူထောင်နိုင်တဲ့ အခြေအနေ မရှိသေးတာကို တွေ့ရပါတယ်။
2019-03-22
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်လိုက်တာဟာ ဒီမိုကရေစီအစိုးရအတွက် အကျည်းတန်စေပြီး မသင့်တော်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဝေဖန်ထောက်ပြေနေကြပါတယ်။
2019-03-22
ခေတ်မီပြီး လှပတဲ့ လက်ကိုင်ဖုန်းလေးတွေကို လူတိုင်း နှစ်သက်ကြပါတယ်။
2019-03-22
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်မှာ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေ စားဝတ်နေရေးနဲ့ ပညာရေးအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
2019-03-22
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ညက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့က မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ANP ရုံးခန်းမှာ မြို့ခံ မျက်မြင်သက်သေတွေက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
2019-03-21
မကွေးတိုင်းအတွင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတဲ့ လက်ယက် ရေနံတွင်းတိမ် လုပ်ငန်းတွေကနေ ထွက်လာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကြောင့် မီးဘေးကြုံရတာတွေ ရှိနေပါတယ်။
2019-03-21
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-03-21
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းအတွေ အခြေချဖို့ ကြိုးစားတာဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်တယ်လို့ အစိုးရ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောလိုက်ပါတယ်။
2019-03-21
မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို ဇနီးမယားတွေ၊ လိင်ပိုင်းဆိုင်ရာကျွန်တွေအဖြစ် လူကုန်ကူး ရောင်းစားခံရတာတွေနဲ့ ပတ်သက်ပြီး လူ့အခွင်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ဒီကနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2019-03-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေအတွင်း ဒေသခံ ၆ ဦး ပျောက်ဆုံးသွားခဲ့တာ တစ်လပြည့်ပြီဖြစ်ပေမယ့် မိသားစုတွေအနေနဲ့ သူတို့ရဲ့သတင်းကို မရရှိသေးဘူးလို့ သိရပါတယ်။
2019-03-19
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု… စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ထောင်ဒဏ်အနှစ် ၂ဝ တပေါင်းတည်းကျခံဖို့ စစ်တွေခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။