သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-04
ရှမ်းပြည်တောင်ပိုင်း ကလောမြို့၊ ဘော်ဆိုင်းကျေးရွာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေ ကာကွယ်နိုင်ဖို့ အတွက် ဆွေးနွေးပွဲတခုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-07-03
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်းမှာ... လွှတ်တော်ကိုယ်စားလှယ်တဦးကို ကိုယ်စားလှယ် အဖြစ်က ပြန်လည်ရုတ်သိမ်းပေးဖို့အတွက် မဲဆန္ဒရှင် (၁%) ရဲ့ သဘောထားနဲ့ ကော်မရှင်ထံ တင်ပြနိုင်တယ်… ဆိုတဲ့ ပုဒ်မ ၃၉၆ (ခ) ကို ပယ်ဖျက်ထားပါတယ်။
2015-07-03
တနိုင်ငံလုံးမှာ အနိမ့်ဆုံးလုပ်ခလစာအဖြစ် တရက် ကျပ် ၃၆ဝဝ သတ်မှတ်လိုက်တာကို ခရီးစရိတ်၊ နေထိုင်စရိတ်နဲ့ လုပ်ငန်းခွင်ပညာသင်ခွင့်တွေကိုပါ ထည့်သွင်းသတ်မှတ်ပေးမယ်ဆိုရင် လက်ခံမယ်လို့ အလုပ်သမား၊ လယ်သမားအသင်းအဖွဲ့ ငါးခုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-07-03
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-07-03
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲပြီး ဖမ်းဆီးထားတဲ့ ကျောင်းသူ ကျောင်း သားတွေကို လွှတ်ပေးရေးအတွက် မတ်လ ၂၇ ရက်နေ့က မြင်းခြံမြို့မှာ ဆန္ဒပြခဲ့သူတွေကို မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထား ပါတယ်။
2015-07-03
လူ့အခွင့်အရေးလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ နော်အုန်းလှကို ရန်ကုန် အလုံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးတာနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် သူတို့နှစ်ဦးကို အလုံမြို့နယ် အပါအဝင် မြို့နယ်သုံးခုက တရားစွဲဆိုထားပါတယ်။
2015-07-03
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ကနေ နှုတ်ထွက်ပေးဖို့ ဇွန်လ ၃ဝ ရက်နေ့ က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အပေါ် ကန့်ကွက်သူတွေရှိသလို ထောက်ခံသူတွေလည်း ရှိနေပါတယ်။
2015-07-03
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တရား လွှတ်တော်ချုပ်တွေကို လွှတ်တော်သက်တမ်းအတိုင်းထားဖို့၊ သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တွေထဲက သာ ရွေးချယ်ဖို့... စတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် စုစည်းတင်ပြထားပါတယ်။
2015-07-03
အခုဆက်ပြီး “ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ ဒီကနေ့ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့… အညာကျေးလက်ဒေသတွေမှာ နေစရာအိမ်တွေခြံတွေ ဆောက်ဖို့အတွက် သစ်မာဈေးကြီးလာတာနဲ့အမျှ ထန်းပင်ထန်းလုံးတွေကနေ သစ်ထုတ်လုပ်ပြီး အသုံးပြုလာကြတဲ့အကြောင်း ထန်းသားထုတ်သူတစ်ဦးနဲ့ တစါနေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သားကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-03
လူငယ်တွေအကြားမှာ အသိပညာတွေဖလှယ်နိုင်မယ့် BarCamp နှီးနှောဖလှယ်ပွဲကို ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့က နည်းပညာတက္ကသိုလ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2015-07-02
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင် ငံတော်သမ္မတက တိုက်ရိုက်ရွေးချယ် ခန့်အပ်တာ ကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဒီနေ့ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦးက ဆွေးနွေးခဲ့ပါတယ်။
2015-07-02
ပြည်သူတွေအကြား အမုန်းတရားအခြေခံတဲ့ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့အတွက် ရှမ်းပြည် တောင်ပိုင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာပေါင်းစုံလူငယ်တွေနဲ့ ဒီမိုကရေစီအင်အားစု လူငယ်တွေစုစည်းပြီး တောင်ကြီးမြို့မှာ လှုပ်ရှားမှုတခုပြုလုပ်ခဲ့ကြပါတယ်။
2015-07-02
ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်း-ကျဲအိုဘိခ်ထောင်ဟာ အမေရိကန်နိုင်ငံမှာကျင်းပမယ့် ချင်းအမျိုးသား ညီလာခံကို တက်ရောက်ဖို့နဲ့၊ အမေရိကန်လွှတ်တော်နဲ့ အုပ်ချုပ်ရေးပုံစံတွေ ကို လေ့လာဖို့ ရောက်ရှိနေပါတယ်။
2015-07-01
လားရှိုးမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို လာရောက်ကြည့်ရှု စစ်ဆေးသူနည်းပါးနေပြီး၊ ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာလည်း မှားယွင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။
2015-07-01
ကချင်ပြည်နယ်က စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေရင်း အခက်အခဲဖြစ်နေကြတဲ့ ရခိုင်ပြည်နယ်က ရွှေ့ပြောင်းလုပ်သားငါးရာကျော်ကို ဇွန်လ ၂၉ ရက်၊ မနေ့က မြစ်ကြီးနားမြို့ကနေ စစ်တွေမြို့ ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။