သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-18
ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးကို အသစ်ပြန်ဆောက်ဖို့အတွက် ဈေးသူဈေးသားတွေရဲ့ ဆန္ဒသဘောထားကို မဲရယူပြီးနောက် ဈေးသစ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်
2016-05-18
စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ကနေ ၅ မိုင်အကွာမှာရှိတဲ့ ပြတိုက်ကျေးရွာမှာ ရောက်ရှိနေပါတယ်။ ဒီအလုပ်သမားတွေ နေပြည်တော်ကို မဝင်ဖို့အတွက် ရဲတပ်ဖွဲ့က တားဆီးထားပါတယ်။
2016-05-18
တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၇ ခု တည်ဆောက်ဖို့ အရင်အစိုးရ လက်ထက်ကတည်းက လျာထားခဲ့ပြီး၊ တချို့စက်ရုံတွေက နားလည်မှုစာချွန်လွှာတွေ ထိုးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်ရုံတွေ တည်ဆောက်မယ့်အစီအစဉ်ကို လက်ရှိ အစိုးရလက်ထက်မှာ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောလိုက်ပါတယ်။
2016-05-18
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်တဲ့ဥပဒေကို ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ထုတ်ပြန်လိုက်ပါတယ်။
2016-05-17
သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ရာမှာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်လည်း တက်ရောက်ခဲ့ပါတယ်။
2016-05-17
မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဘာသာပေါင်းစုံငြိမ်းချမ်းရေး လမ်းလျှောက်ဆုတောင်းပွဲကို ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-05-17
မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး ပူးတွဲပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစနစ် သုံးသပ်ခြင်းနဲ့ တိုးတက်မှုဆိုင်ရာ အကြံပြုချက်များ စီရင်ခံစာ ထုတ်ပြန်ပွဲကို နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2016-05-17
တနင်္သာရီတိုင်းအတွင်း လက်ရှိအစိုးရ ၅ နှစ်သက်တမ်းမှာ တယူနစ်ကို ကျပ်၁ဝဝ အောက်နှုန်းနဲ့ လျှပ်စစ်မီးရအောင် ဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောလိုက်ပါတယ်။
2016-05-17
မင်းဘူး စကုမြို့နယ်မှာ မေလ ၁၅ ရက်- မနေ့ညနေပိုင်းက လေပြင်းတိုက်ခတ်တဲ့အတွက် ကျေးရွာတချို့မှာ သစ်ပင်တွေ ပြိုလဲပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
2016-05-17
၂ဝ၁ဝ ခုနှစ်က တစ်ကြိမ် အခုနှစ်ဆန်းပိုင်းက တစ်ကြိမ် မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂ၂ဝ၁ဝ ခုနှစ်က တကြိမ် အခုနှစ်ဆန်းပိုင်းက တကြိမ် မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အသစ်ပြန်ဆောက်မလား၊ အဟောင်းကို ပြုပြင်မလားဆိုတာ ကို ဈေးသူဈေးသားတွေ မေလ ၁၆ ရက်နေ့ ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
2016-05-14
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဓာတ်ပုံတွေကို ရန်ကုန်တိုင်း ဒဂုံမြို့နယ် နဝဒေးလမ်းမှာရှိတဲ့ Think Art Gallery မှာ မေလ ၁၃ရက်နေ့ကစပြီး မေလ ၁၅ ရက်နေ့အထိ သုံးရက် ကြာပြသနေပါတယ်။
2016-05-14
ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေ ရှာဖွေပွဲကို ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်က မြန်မာကွန်ဗန်းရှင်းစင်တာမှာ မေလ ၁၂ ရက်နေ့ညက ကျင်းပခဲ့ပါတယ်။
2016-05-14
ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ရက်တရာစီမံချက်နဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီနေ့ ရှင်းလင်းပွဲပြုလုပ် ခဲ့ပါတယ်။
2016-05-14
မြန်မာတိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာမရှိကြောင်း နိုင်ငံတော်အစိုးရ အနေနဲ့ တရားဝင်ကြေညာပေးဖို့ ဝံသာနုရက္ခိတ စနေလူငယ်အသင်းက ဦးဆောင်ပြီး မန္တလေးမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-05-14
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/ SSA က နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးဖို့ အခက်အခဲဖြစ်နေတယ်လို့ ကြားဝင်ညှိနှိုင်းပေးနေတဲ့ SSPP အဖွဲ့က ပြောပါတယ်။