သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-19
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ဒေသခံလူငယ်တွေအကြား ပဋိပက္ခဖြစ်နေရာမှာ ၅ ပွင့်ဆိုင် တွေ့ဆုံဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးက ဖိတ်ခေါ်ထားပါတယ်။
2019-03-19
ကင်ဆာအပါအဝင် အခြားရောဂါတွေဖြစ်ပွားစေနိုင်တဲ့ ကလေးတွေကြားမှာ လတ်တလော နေရာယူထားတဲ့ တာရှည်ခံဆေးတွေ၊ ဆိုးဆေးတွေနဲ့ ပြည်ပက မုန့်ပဲသရေစာတွေနေရာမှာ မြန်မာ့ တိုင်းရင်းသားရိုးရာမုန့်တွေ ပြန်လည်နေရာရလာဖို့ ရည်ရွယ်ပြီး ခုခံတိုက်ခိုက်ရောင်းချရတာကြောင့် " မုန့်တိုက်ပွဲ " လို့ခေါ်ဆိုတာပါ။
2019-03-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ဝဝဝ ကျော်ရှိနေပါတယ်။
2019-03-18
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားပေးဖို့ ကိုယ်စားလှယ်တချို့က တောင်းဆိုခဲ့ကြပေမယ့် NLD ပါတီကတော့ တဆင့်ချင်းလျှော့ချဖို့သာ အကြံပြုခဲ့တယ်လို့ သိရပါတယ်။
2019-03-18
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြောင်း ဆန္ဒပြပွဲကို မကွေးတိုင်း ပခုက္ကူမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-03-18
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ- နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့မနက်ပိုင်းအထိ RCSS နဲ့ SSPP/TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း မန်လီရွာသား ၁၂ ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဒေသတွင်းက တအာင်းတိုင်းရင်းသားတွေ စုပေါင်းပြီး အဲဒီဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးအတွက် လားရှိုးမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-03-17
နေပြည်တော် စည်ပင်ရိပ်သာမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် နဲ့ ပါတီ ဒု ဥက္ကဋ္ဌ-၂ ဒေါက်တာ ဇော်မြင့်မောင် တို့ကို မြစ်ဆုံအရေးကိစ္စ၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် ဖမ်းဆီးခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုအပေါ် ဖြေကြားချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က စုစည်းတင်ပြထားပါတယ်။
2019-03-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ကနဲ့ ဒီနေ့တွေမှာ အစိုးရတပ်မတော်က လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ရှေးဟောင်းစေတီပေါ်မှာလည်း လက်နက်ကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-03-16
နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်က ဒေသခံတွေ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခွင့်မရတဲ့ ဒေသခံတွေ ရှိပါတယ်။
2019-03-15
ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီအမည်နဲ့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်တဲ့ သူရဦးရွှေမန်းကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2019-03-15
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံထဲက ဒေသတချို့နဲ့ အဖွဲ့အစည်းတချို့အပေါ် တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေဟာ NLD အစိုးရအတွက် အကူအညီ ဖြစ်စေမလား၊ အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်လာမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
2019-03-15
မြစ်ဆုံစီမံကိန်းအပါအဝင် ကြီးမားတဲ့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ အမြင်ကျယ်ကျယ်နဲ့ စဉ်းစားစေချင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်း ပြည်မြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။
2019-03-15
ငေါ့ချန်းခနဲ့ မေခမြစ်ပေါ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စပ်စီမံကိန်း ၈ ခုကို အပြီးသတ်ရပ်တန့်ပေးဖို့ မနေ့က ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များနေ့မှာ ချီဖွေမြို့ဒေသခံတွေက အစိုးရနဲ့ စီမံကိန်းတည်ဆောက်မယ့် ကုမ္ပဏီတွေကို တောင်းဆိုလိုက်ပါတယ်။
2019-03-15
့မြန်မာပြည်က တင်ပို့ရောင်းချတဲ့ နွားတွေကို တရုတ်နိုင်ငံဘက်က မဝယ်တော့တဲ့အတွက် မူဆယ်မြို့အနီးမှာ နွားအကောင်ရေတစ်သောင်းလောက် ပိတ်မိနေတယ်လို့ သိရပါတယ်။
2019-03-15
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်တဲ့ကိစ္စနဲ့ဆိုင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။