သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-13
ရန်ကုန်တိုင်းအတွင်း ညဘက်ဖွင့်တဲ့ စားသောက် ဆိုင်တွေ၊ ဖျော်ဖြေရေးဆိုင်တွေကို ည ၁၁ နာရီမှာ ပိတ်ရမယ်ဆိုပြီး တိုင်းဒေသကြီးအစိုးရက ညွန်ကြားချက် ထုတ်ပြန်ထားတာ မရှိဘူးလို့ တိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က ပြောလိုက်ပါတယ်။
2016-05-12
နေပြည်တော်ကောင်စီနယ်မြေအတွင်း နေပြည်တော် တိုင်း ရဲတပ်ဖွဲ့ရဲ့ ရက် (၁ဝဝ) စီမံချက်ကို ပျဉ်းမနား မြို့က မင်္ဂလာဗျူဟာသာသနာ့ဗိမာန်မှာ ရဲတပ်ဖွဲ့က ရှင်းပြခဲ့ပါတယ်။
2016-05-12
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ အစိုးရပိုင်မြေနေရာကို ပုဂ္ဂလိကလုပ်ငန်းရှင်ကို နှစ်ရှည်ငှားရမ်းပြီး ဆေးရုံတည်ဆောက်မယ့်ကိစ္စ ရပ်ဆိုင်းပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ မေလ ၁၂ရက်နေ့က ဆွေးနွေးခဲ့ရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-05-12
ရန်ကုန်မြို့အခြေစိုက် ရန်ကုန်-နိုင်ငံရေး သိပ္ပံကျောင်းက ကျောင်းသူကျောင်းသားတွေက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ကျင်းပဖို့ စီစဉ်နေရာမှာ ကျောက်တံတားမြို့နယ်ရဲစခန်းက ခွင့်ပြုချက် မပေးဘူးလို့ သိရပါတယ်။
2016-05-12
နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်- နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ မေလ ၁၁ ရက်- မနေ့နေ့လည်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-05-12
စားသုံးဆီတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ကပ်ပါးမှိုတွေ မပေါက်ဖွားနိုင်ဖို့အတွက် စနစ်တကျ အခြောက်လှမ်းပြီး ကြိတ်ခွဲမှသာ စားသုံးဆီသန့်သန့် ရနိုင်တယ်လို့ စားသောက်ရေးနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြောလိုက်ပါတယ်။
2016-05-12
ပဲခူးတိုင်း ပဲခူးမြို့နယ်က အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းမှာ အနီးအနား ကျေးရွာ ၉ ရွာက ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေပြီး၊ အခုလို နွေရာသီ ကျောင်းပိတ်ရက်တွေမှာလည်း ကလေးတွေအတွက် အင်္ဂလိပ်စာသင်တန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။
2016-05-12
ရန်ကုန်တိုင်း ဒညင်းကုန်းမြို့နယ်၊ ဒညင်းကုန်းဘူတာမှာ နေ့လည်ကနေ ညနေပိုင်းအထိ ဟင်းသီးဟင်းရွက်တွေနဲ့ ကုန်စိမ်းတွေကို ရထားလမ်းပေါ်မှာ ဆိုင်ခင်းပြီး ရောင်းချနေတာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်ပြီး ဒီနေ့အထိလည်း ရောင်းသူဝယ်သူတွေ စည်ကားနေပါတယ်။
2016-05-12
ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်- ၃ မှာ ရှိတဲ့ Myanmar UIB အထည်ချုပ်စက်ရုံက အလုပ်သမား ၆ ရာကျော်ဟာ ဧပြီလအတွက် လုပ်ခလစာ မရတဲ့အတွက် စက်ရုံဝင်းထဲမှာ ဆန္ဒပြ တောင်းဆိုနေကြပါတယ်
2016-05-12
ရန်ကုန်တိုင်း ဒဂုံမြို့သစ်-ဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ လှည်းကူးမြို့နယ်မှာ ကျူးကျော်နေထိုင်သူတွေကို အင်အားသုံး ဖယ်ရှားခဲ့သူတွေကို ရဲတပ်ဖွဲ့က အရေးမယူတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2016-05-12
ရခိုင်ပြည်နယ်အစိုးရက စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2016-05-12
ရခိုင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို အစိုးရက ကူညီထောက်ပံ့ဖို့ အရေးကြီးအဆို တင်သွင်းခွင့်မရတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မီဒီယာတွေကို ပြောကြားခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးလိုက်ပါတယ်။
2016-05-10
ဒီတစ်ပတ် နောက်ဆုံးအပိုင်းအဖြစ် မိုးညှင်းမြို့နယ်က မိုင်းနောင်ရွှေတွင်းတွေ အပါအဝင် ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ၊ စောင့်ကြည့်လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။
2016-05-10
မြန်မာ-ရုရှ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဦးထင်ကျော် ပေးပို့ထားတာ ကို ပြည်ထောင်စုလွှတ်တော်က မေလ ၁၀ရက်နေ့မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2016-05-10
ဒီမောဆိုမြို့နယ်က ဒေါတမကြီး ကျေးရွာအုပ်စုဟာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေခမ်းခြောက်တာ၊ ရေရှားပါးတာတွေ ကြုံတွေ့နေရပါတယ်။ အခုနှစ်မှာတော့ အရင်နှစ်တွေထက် ရေခမ်းခြောက်မှု ပိုပြီး မြန်လာတယ်လို့ သိရပါတယ်။