သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-03
မကွေးတိုင်း ရေနံချောင်းမြို့မှာလည်း အလုပ် သမားနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။
2016-05-03
မန္တလေးတိုင်း ရမည်းသင်းမြို့က လေဘေးသင့် ပြည်သူတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မေလ ၁ရက်နေ့က သွားရောက်တွေ့ဆုံပြီး အလှူငွေနဲ့ စားနပ် ရိက္ခာတွေ ထောက်ပံ့ခဲ့ပါတယ်။
2016-05-03
အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်ကို လမ်းလျှောက် ချီတက်လာကြတဲ့ စစ်ကိုင်းမြို့က Myanmar Veneer စက်ရုံအလုပ်သမားတွေ ဟာ ဒီကနေ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ ကို ရောက်ရှိလာကြပါတယ်။
2016-05-03
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အလုပ်သမား စေလွှတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို မေလအတွင်း လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-05-03
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား... စတဲ့ မြို့နယ် ၉ ခု နဲ့ ရန်ကုန်မြို့မှာ မေလ ၁ ရက်နေ့က တပြိုင်တည်း ဆန္ဒပြခဲ့ကြပါတယ်။
2016-05-03
မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ နေပြည်တော်က ပျဉ်းမနားသကြားစက်ရုံတို့မှာ ကျင်းပခဲ့ပြီး၊ သမ္မတဦးထင်ကျော်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
2016-05-03
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းတွေ စုပေါင်းပြီး အခြေခံ လုပ်အားလစာ အပြည့်အဝ ရရှိရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတခုကို ချင်းမိုင်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-04-30
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အစိုးရအဖွဲ့ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားမယ့် စီမံကိန်းတွေအကြောင်း ဝန်ကြီးချုပ် ဦးညီပု နဲ့ တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ပါတယ်။
2016-04-30
စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည်စက်ရုံရှေ့မှာ အလုပ်ပြန် လည်ခန့်ထားပေးဖို့ ထိုင်သပိတ် ဆန္ဒပြနေတဲ့ စက်ရုံလုပ်သား ၁၀၀ ကျော်ဟာ နေပြည်တော် သမ္မတရုံးဝန်ကြီးဌာနရှေ့အထိ လမ်းလျှောက် ချီတက် ဆန္ဒပြနေကြမှာဖြစ်ပြီး ဒီကနေ့ စစ်ကိုင်း မြို့ကနေ စတင်ထွက်ခွာကြပါတယ်။
2016-04-30
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်း မင်းဘူးမြို့နယ်တွင်းက ကျေးရွာတစ်ချို့ဟာ ရွာလုံး ကျွတ် နီးပါးပြောင်းရွှေ့နေရပါတယ်။
2016-04-30
ရန်ကုန်မြို့မှာ မကြာသေးခင်က အသစ်ပြေးဆွဲလိုက်တဲ့ BRT မော်တော်ယာဉ်လိုင်းကို နေ့စဉ် မြို့တွင်းမြို့ပြင် သွားလာနေတဲ့ ခရီးသွား ပြည်သူတွေက ကြိုက်နှစ်သက်ကြပါတယ်။
2016-04-30
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို မြန်မာနိုင်ငံက တောင်တက်သမား၃ ဦးတက်ရောက်နေပါတယ်။
2016-04-30
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-04-30
ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ပန်ပက်ကျေးရွာအုပ်စုဟာ ပဒေါင်လို့ လူသိများတဲ့ ကယန်းလူမျိုးတွေ အများစုနေထိုင်ကြတာဖြစ်ပြီး ကယားပြည်နယ်မှာ ရေရှားပါးတဲ့ကျေးရွာတွေဖြစ်ပါတယ်။
2016-04-29
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ယူလိုက်တဲ့ Mr. Scot Marciel ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက အမေရိကန်သံရုံးမှာ သတင်းမီဒီယာတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။