သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-01
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် ဂုဏ်ပြုသတ်မှတ်ပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ကန့်ကွက်သူရှိပေ မယ့် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2017-03-01
NCA စာချုပ်မှာ လက်မှတ်မထိုးဘဲ UWSA ဝ,တပ်ဖွဲ့က ဦးဆောင်ပြီး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ နိုင်ငံရေးဆွေးနွေး မှု ကော်မတီတရပ် ဖွဲ့စည်းမယ်လို့ ပန်ခမ်းညီလာခံက ဆုံးဖြတ်ထားပါတယ်။
2017-03-01
ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း ကွယ်လွန်ခြင်း တလပြည့်အထိမ်းအမှတ်နဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး အခမ်းအနားကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းရှေ့မှာ ဖေဖော်ဝါရီလ ၂၈ရက်နေ့က ကျင်းပခဲ့ပါတယ်။
2017-03-01
လစ်လပ်နေတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် နေရာအတွက် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံကို နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြရာမှာ မွန်ပြည်နယ်လွှတ်တော်က မတ်လ (၁) ရက်နေ့ ဒီနေ့အတည်ပြုလိုက်ပါတယ်။
2017-02-28
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ သူ့အပေါ် စွပ်စွဲပြော ကြားသူတွေကို တရားဥပဒေ လမ်းကြောင်းအရ အရေးယူသွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောပါတယ်။
2017-02-28
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စ ရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတနှစ် တိုးမြှင့်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ သဘောထားတောင်းခံရာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် က ကန့်ကွက်ခဲ့ပါတယ်။
2017-02-28
ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရလက်ထက် ၁၉၆၂ ခုနှစ် က ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ပြန်လည် တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ၁၉၆၂ ခုနှစ်ကနေ အခုအချိန်အထိ ရှိနေတဲ့ ကျောင်းသားမျိုးဆက် အသီးသီးရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကောင်းထက်ကျော် က ကောက်နှုတ် တင်ပြထားပါတယ်။
2017-02-27
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ထူဒူငံသ ကျေးရွာအုပ်စုမှာ ကရင်နီအမျိုးသား ဒီမိုကရက်တစ် ပါတီက သိမ်းဆည်းထားတဲ့မြေတွေ ကို ပြန်ပေးဖို့နဲ့ မြေယာသိမ်းဆည်းမှုတွေကို ရပ်တန့်ပေးဖို့ ဒေသခံတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-02-27
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နဲ့အညီ မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ပေးဖို့ စစ်တွေနဲ့မောင်တောမြို့တွေ မှာ ဒေသခံတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-02-27
မွန်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကနေ မိမိသဘောဆန္ဒအရ နှုတ်ထွက်လိုက်တဲ့ ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တာဝန်ကို ၁ဝ လသာ ထမ်းဆောင်ခဲ့ပါတယ်။
2017-02-26
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ပါ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မြန်မာနိုင် ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်း မီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင် စားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီ သရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်း က တင်ပြထားပါတယ်။
2017-02-25
ဖေဖော်ဝါရီလ ၂၅ ရက် စနေနေ့ည မေးပါရစေဦး အစဉ်မှာတော့ "ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲအကြောင်း " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးသက်ထွန်းမောင် (လွှတ်တော်ကိုယ်စားလှယ်လောင်း (NDF) ) ၊ ဒေါက်တာစိုးဝင်းဦး (ဒုတိယဥက္ကဌ - ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ (NLD)) နဲ့ ကိုစိုင်းရဲကျော်စွာမြင့် (အမှုဆောင်ဒါရိုက်တာ (PACE) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-02-25
လားဟူလူမျိုးတွေရဲ့ နှစ်သစ်မင်္ဂလာ ဆုတောင်းပွဲကို ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။ ဒီပွဲကို ရှမ်းပြည်နယ်အစိုးရ- လားဟူတိုင်းရင်း သားရေးရာဝန်ကြီး တက်ရောက် စကားပြောခဲ့ ပါတယ်။
2017-02-25
လယ်ယာမြေတွေ သိမ်းဆည်းခံထာားရတဲ့ ကိစ္စတွေကို အမြန်ဖြေရှင်းပေးဖို့နဲ့ တောင်သူတွေအပေါ် တရားစွဲဆိုထားတာတွေကို ပြန်ရုတ်သိမ်းပေးဖို့အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က လယ်သိမ်းခံတောင်သူ ၁၀၀၀ ကျော်စုပေါင်းပြီး မန္တလေးတောင်ခြေမှာ ဒီကနေ့ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြပါတယ်။
2017-02-25
၂၁ ရာစု ပင်လုံညီလာခံအကြို အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကို နေပြည်တော်က မြန်မာ-အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း-၂ မှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ဗဟိုချုပ်ကိုင်မှု များလို့ဆိုပြီး ကယား အရပ်ဘက်အဖွဲ့အစည်းတွေ မတက်ရောက်ခဲ့ပါဘူး။