သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-05
ဧရာဝတီတိုင်း ဖျာပုံမြို့အနီး၊ မြန်မာ့ရေပိုင်နက်ထဲမှာဖမ်းမိတဲ့ လှေစီးဒုက္ခသည် ၇ ရာကျော်ကို ခေတ္တထိန်းသိမ်းထားတဲ့ ဟိုင်းကြီးကျွန်းကနေ မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာကို လှေစီးဒုက္ခသည် ၄ ရာ ရွှေ့ပြောင်းထားပါတယ်။
2015-06-05
ကချင်ပြည်နယ် ပူတာအိုဒေသက ရေခဲတောင်နဲ့ပတ်သက်တဲ့ ရှားပါးမှတ်တမ်း ဓာတ်ပုံတွေကို တောင်တက်သမားမဟုတ်တဲ့ ဓာတ်ပုံဆရာတဦးက ခက်ခက်ခဲခဲ သွားရောက်ပြီး ရယူခဲ့ပါတယ်။
2015-06-05
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တချိန်က “ဘုံပြတ်” လို့လူသိများတဲ့ မြင်းလှည်းတွေဟာ အခုအခါ စီးမယ့်သူ မရှိသလောက်ဖြစ်နေတဲ့ အတွက် ပြေးဆွဲသူ နည်းပါးသွားပြီဖြစ်ပါတယ်။
2015-06-05
အခုဆက်ပြီး “ကျေးလက်ပြည်သူတဦးရဲ့ တနေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ မုံရွာအနောက်ဖက် ကြေးစင်တောင်၊ စံပယ်တောင် အနီး ကျေးရွာတရာမှာ ဒုတ္တာချက် အသက်မွေးရတဲ့ တောင်သူတဦးနဲ့ တနေ့တာတွေ့ဆုံခဲ့တဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-06-03
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လှေစီးဒုက္ခ သည်တွေ အရှေ့တောင် အာရှဒေသကို ထွက်ခွာနေကြတဲ့သတင်းဟာ ဒေသတွင်းပြဿနာတခု အဖြစ်ကနေ နိုင်ငံတကာက ပါဝင်လာတဲ့အဆင့် ကို ရောက်ရှိလာနေပါတယ်။
2015-06-03
မေလ ၂၁ ရက်နေ့က ကယ်ဆယ်ခဲ့တဲ့ လှေထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဝဝ ကို မြန်မာအာဏာပိုင်တွေက မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲအနီးက နယ်စပ်စခန်းမှာ ကယ်ဆယ်ထားပြီး အခုလ ၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်ပို့မယ်လို့ သိရပါတယ်။
2015-06-03
တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ ကချင်လုံချည်တွေကြောင့် မြစ်ကြီးနားမြို့ပေါ်က ကချင်ရိုးရာ ကချင်လုံချည် အထည်လုပ်ငန်းတွေ စီးပွားရေး ထိခိုက်နေပါတယ်။
2015-06-03
မန္တလေးမြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်သွားတဲ့အတွက် ကုန်ကျစားရိတ် ပိုများလာနေပါတယ်။
2015-06-03
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဗြိတိသျှကိုလိုနီလက်ထက်က တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် နာရီစင်ဟောင်းကြီးကို မူလပုံစံမပျက် ပြန်လည်ပြုပြင်ဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်နေပါတယ်။
2015-06-03
ဧရာဝတီမြစ်ကြောင်းတလျှောက်က မြို့ရွာတွေမှာ မြစ်ထဲကို အမှိုက်စွန့်ပစ်မှုတွေကြောင့် ဧရာဝတီမြစ်ရေ ညစ်ညမ်းလာနေပါတယ်။
2015-06-03
ဟိုင်းကြီးကျွန်းအနီးမှာ ဖမ်းမိတဲ့ လှေစီးဒုက္ခသည် ၇ ရာကျော်ကို စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ဖို့အတွက် ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့ဆောင်လိုက်ပြီလို့ သိပါတယ်။
2015-06-03
ဘာသာသာသနာ ညှိနွမ်းစေမှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တရားရုံးက ဒီကနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
2015-06-02
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ဟာ ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ လှေစီး ဒုက္ခသည်တွေအရေးနဲ့၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ အကြောင်းကို မေလ ၃၁ ရက်နေ့ က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။
2015-06-02
လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ၂ဝ၁၅ မေလ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
2015-06-02
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်တဲ့ “အမျိုးသားသတင်းဆုပေးပွဲ” အခမ်းအနားကို ရန်ကုန်-ဗဟန်းမြို့နယ်က မြရိပ်ညိုဟိုတယ်မှာ မနက်ကျင်းပခဲ့ပြီး၊ သတင်းဆု၊ ဓာတ်ပုံဆု၊ ရုပ်သံဆုနဲ့ ကာတွန်း ဆုတွေ ပေးအပ်ခဲ့ပါတယ်။