သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-04
အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတခုကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-04
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် (အပိုင်း ၁- ၂ - ၃) မှာ ၁၉၉၁ ခုနှစ်အထိ နေထိုင်ခဲ့ပြီး စစ်တပ်က မြေသိမ်းယူခဲ့တာကြောင့် ပြောင်းရွှေ့ခဲ့ရသူတွေက သူတို့ပိုင် မြေနေရာတွေ ပြန်ပေးဖို့ ရန်ကုန် မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးမှာ မနေ့က နေ့လည်ပိုင်းကစပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-03
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၂ နှစ်ခွဲကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်နိုင်မှုအခြေအနေကို သုတေသန ပြုလုပ်ထားတဲ့ မြန်မာ့ရေးရာ လေ့လာသူ ဦးဝင်းမျိုးသူကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-03
အခုရက်ပိုင်အတွင်း မကွေးတိုင်းနေရာတချို့မှာ မိုးများနေတဲ့အတွက် မကွေး-နေပြည်တော် ကားလမ်း ရေကျော်တံတား ကျိုးပြတ်သွားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုဇော်တူး က သတင်းပေးပို့ထားပါတယ်။
2013-10-03
လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အတူလက်တွဲ နေထိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-10-03
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ၆ လကျော် ကြာခဲ့ပြီဖြစ်ပေမယ့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံအများစုဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-02
ရခိုင်ပြည်နယ်က ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ရခိုင်ရိုးမပေါ်က တိုင်းရင်းသားကျေးရွာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-10-02
လယ်ယာမြေ အသိမ်းခံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အောက်တိုဘာလ ၁ ရက် ဒီကနေ့ ပြန်လည်စတင်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဒုတိယဝန်ကြီးတွေက အသီးသီး ရှင်းလင်းခဲ့ကြပါတယ်။ ဒီကြောင်း RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-10-02
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ဒေသတွင်း ဝါး ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းတွေ တဝက်နီးပါး ကျဆင်းသွားတယ်လို့ ဝါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-10-02
မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ "The Vanishing Tribes of Burma" အမည်နဲ့ ဓာတ်ပုံပြပွဲတခုကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ကနေ ၃ဝ ရက်နေ့အထိ သုံးရက်ကြာ အခမဲ့ ပြသခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-02
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုးထားတဲ့ ယူကလစ်ပင် စိုက်ခင်းတွေကို ဝင်ရောက်ခုတ်ပစ်ခဲ့တဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက် နေ့မှာ ဝင်ရောက်ဖမ်းဆီးရာကနေ ရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပဋိပက္ခမှာ ပါဝင်သူတွေဟာ ကျည်တောင်ကန် ရဲစခန်းမှာ ပြီးခဲ့တဲ့ စနေနေ့က သွားရောက် အစစ်ဆေးခံခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-10-01
မွန်အမျိုးသားလုံး ပါဝင်နိုင်မယ့် ညီလာခံကျင်းပရေးနဲ့၊ တိုင်းပြည်မှာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံးအကြိမ် မွန်အမျိုးသား စုံညီ ညီလာခံကို မော်လမြိုင်မြို့မှာ ကျင်းပနေပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ဆက်ပေးထားပါတယ်၊
2013-10-01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီသိမ်နဲ့ သာသနိက အဆောက်အအုံတွေ ထိန်းသိမ်းရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ပေးဖို့ သံဃာတွေနဲ့ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတွေ မနေ့က မန္တလေးမြို့ကနေ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ လမ်းလျှောက်ဆန္ဒပြသူတွေ အကြား စစ်ကိုင်းမြို့မှာ သဘောတူညီချက် ရခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။