သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-25
စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ မနေ့က ငြိမ်းချမ်းရေးဂီတပွဲတော် ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-25
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အိမ်နီးချင်းထိုင်းနိုင်ငံက နာမည်ကြီး ရိုးရာအစားအသောက်တွေ ခေတ်စားလာနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
2013-09-25
မန္တလေးတက္ကသိုလ်ဖြစ်လာခဲ့တဲ့ မန္တလေးကောလိပ်ကို ပထမဆုံးတည်ထောင်ခဲ့သူ စာရေးဆရာကြီး ဇေယျာမောင် (ခေါ်) ဆရာကြီး ဦးကိုလေး နှစ်တစ်ရာပြည့် အထိမ်းအမှတ်၊ ပုံတူကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံ ငါးရက်ကြာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ရှေ့ဆက်အပြောင်းအလဲအတွက် လိုအပ်နေသေးတဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ပြောသွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-09-24
ပထမဆုံးအကြိမ် အမျိုးသမီးများ ဖိုရမ်ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့မှာ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေး အပါအဝင် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကာလမှာ အဘက်ဘက်က အမျိုးသမီးတွေ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-09-24
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဟုန်ရှင်း အအေးခန်းစက်ရုံကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား တစ်ရာကျော်ဟာ မနေ့နေ့လည်ပိုင်းကစပြီး ရန်ကုန် မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့ ညနေပိုင်းမှာတော့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးက အလုပ်ရှင်နဲ့ ဆန္ဒပြအလုပ်သမားတွေအကြား ဝင်ရောက်ညှိနှိုင်းပေးခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-24
စက်တင်ဘာလ ၂၁ ရက်နေ့ကကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စီတန်းလှည့်လည် လမ်းလျှောက်ပွဲတစ်ခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-21
တစ်ပတ်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောစကားတွေထဲက မှတ်သားမိတဲ့ စကားများကို စုစည်းထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ လွှတ်တော်မြေယာကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းတို့ ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။ </p>
2013-09-21
နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို မွန်ပြည်နယ်မှာ လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ဖို့အတွက် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်
2013-09-21
"မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်" ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်က Excel တာဝါမှာ ဒီနေ့ကစပြီး စက်တင်ဘာလ ၂၂ ရက်နေ့အထိ သုံးရက်ကြာကျင်းပနေပါတယ်။ RFAသတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-09-20
မူးယစ်ဆေးဝါး အမျိုးအစားထဲမှာမပါပေမယ့် မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြားမှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အလေ့အထဟာ အခုဆိုရင် ကျောင်းသားကျောင်းသူတွေကြားထဲထိ ကူးစက်နေပြီလို့ သိရပါတယ်။ မူးယစ်ဆေးဝါးလို သုံးစွဲနေကြပေမယ့် ကော်ရှူသူတွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ဥပဒေ မရှိသေးဘူးလို့ ရန်ကုန်၊ တာမွေမြို့နယ်မှာ ဒီနေ့ပြုလုပ်တဲ့ "မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ် အသိပညာပေး ဟောပြောပွဲ"မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားသူနေတွေက ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။