သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-20
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံ နေရာတချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေး၊ စီးပွားရေးအခက်အခဲ ကြုံတွေ့နေကြရပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်၊
2013-09-20
တနသာၤရီတိုင်း ကော့သောင်းမြို့ အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အဓိကရုဏ်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ အကျဉ်းသားတွေကို တခြားအကျဉ်းထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်မြတ်စိုးက သတင်းပေးပို့ထားပါတယ်။
2013-09-19
ရန်ကုန်တိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ပေးရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် "လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု" စစ်ဆေးရေးကော်မရှင် အဖွဲ့ခွဲ (၁) က လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-19
မွန်တိုင်းရင်းသား ရိုးရာစာပေကို ကျောင်းစာသင်ချိန်အတွင်း သင်ကြားပေးသင့်ကြောင်းအဆိုကို ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-19
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ၆ နှစ်မြောက် အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာ စက်တင်ဘာလ ၁၈ ရက် ဒီနေ့မှာကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-09-18
ထိုင်းမြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့် နှစ်လအတွင်း တရားဝင်ပါတီမှတ်ပုံတင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်တွင်းမှာ ပါတီ ပြန်လည်ရပ်တည်ရေး ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-18
မကွေးမြို့နယ်မှာလည်း ယင်းချောင်းရေတိုက်စားမှုကြောင့် မကွေး-နေပြည်တော်ကားလမ်းက တပ်ကုန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တံတားချည်းကပ်လမ်း ကျိုးပြတ်သွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-09-18
မန္တလေးတိုင်း အမရပူရမြို့နယ်မှာ မြစ်ငယ်မြစ် ရေကြီးတဲ့အတွက် ရေဘေးဒုက္ခသည် အိမ်ထောင်စု ပေါင်း ၃ ရာကျော်ဟာ ရေလွတ်ရာ စစ်ကိုင်း-အမရပူရ ကားလမ်းမဘေးကို ယာယီ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တင်ပြထားပါတယ်။
2013-09-18
ရန်ကုန်မြို့နဲ့ အနီးတဝိုက်က နေစရာအိုးအိမ် မရှိသူတွေအတွက် ရန်ကုန်တိုင်း သန်လျင်မြို့အနီးမှာ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရက အခမဲ့ မြေကွက်တွေပေးပြီး နေရာချထားပေးနေပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-09-18
ချက်သမ္မတနိုင်ငံ၊ ပရပ်မြို့မှာကျင်းပနေတဲ့ Forum 2000 ညီလာခံကို တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညီလာခံ ဒုတိယနေ့ဖြစ်တဲ့ မနေ့က The Road to Good Governance "အုပ်ချုပ်ရေး စနစ်ကောင်းတစ်ရပ်ဆီ သွားရာလမ်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချက်ထဲက အချက်တချို့ကို RFA အဖွဲ့သား ဦးသစ်ဆင်းက ကောက်နှှုတ်တင်ပြထားပါတယ်။
2013-09-17
၂ဝ၁၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းကောင်စာရင်း ကောက်ယူမယ့်ကိစ္စမှာ အားလုံးဝိုင်းဝန်းကူညီပေးကြဖို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက စက်တင်ဘာလ ၁၅ ရက် မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-09-17
လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးမယ်ဆိုရင် ဒီနှစ်အတွင်း ရွေးကောက်ပွဲကော်မရှင်ကို လွှတ်တော်က အတိအကျတာဝန်ပေးမှသာ လုပ်ဆောင်နိုင်မယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-09-17
ကရင်နိုင်ငံရေးပါတီတွေ စုပေါင်းပြီး ပါတီတစ်ခုတည်း ဖြစ်လာရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့မှာ ကရင်နိုင်ငံရေးပါတီတွေ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။