သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-19
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသား ၈၃ ယောက်ကို လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်လာပါတယ်။
2016-04-19
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ နိုင်ငံရေးအရ ဦးဆောင်မှု ပေးခဲ့ကြတဲ့ နာယကဦးတင်ဦးနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို နှစ်သစ်ကူး ကန်တော့ခဲ့ကြပါတယ်။
2016-04-19
သြင်္ကန်ရက်အတွင်း ရန်ကုန်မြို့မှာ လိုက်လံဖျော်ဖြေခဲ့တဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဟာ သြင်္ကန်အတက်နေ့က မြို့တော်ခန်းမရှေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။
2016-04-19
၂ဝ၁၆ ခုနှစ် သြင်္ကန်ရက်တွေအတွင်း အများပြည်သူ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ကျေးဇူးတင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-04-19
သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ လွတ်မြောက်လာတဲ့ အထဲမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှတို့လည်း ပါဝင်ပါတယ်။
2016-04-16
“လွတ်လပ်တဲ့အာရှအသံ”မှ ၁၃၇၈ ခုနှစ် မြန်မာ့ ရိုးရာအတာသြင်္ကန်ပွဲတော် အခါသမယအချိန်အခါ အတွက် နှစ်သစ်ကူးဆုမွန်ကောင်းတောင်းအပ် ပါတယ်။
2016-04-16
အခုနှစ်ရန်ကုန်သြင်္ကန်မှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်ကြီးတွေကို ကန့်သတ်လိုက်တာကြောင့် ပြည်လမ်းမ ပေါ်မှာသာ ရေကစားမဏ္ဍပ်ကြီးတွေရှိနေပြီး လူစည်ကားတဲ့ ပြည်လမ်းမပေါ်မှာပဲ လမ်းဘေးဈေးသည် အများအပြား လာရောက်ရောင်းချတာတွေ့ရပါတယ်။ RFA သတင်းထောက်ကို ထက်အာကာက တင်ပြထားပါတယ်။
2016-04-16
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မဟာသြင်္ကန်ဆုပေးမဏ္ဍပ်မှာ သြင်္ကန်ပထမအကြတ်နေ့ညက ကျွန်ုပ်တို့သည် သံချပ်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို့သည် သံချပ်အဖွဲ့ရဲ့ ယှဉ်ပြိုင်ခဲ့တာတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2016-04-16
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဟာသြင်္ကန်ဆုပေးမဏ္ဍပ်မှာ သြင်္ကန် ပထမအကြတ်နေ့ညက လူရွင်တော်ဦးမေတ္တာဦးဆောင်တဲ့ သာဓုပါသြင်္ကန်သံချပ်အဖွဲ့ဟာ ဗိုလ်စိန်မှန် ကွင်းက ဆုပေးသြင်္ကန်မဏ္ဍပ်မှာ လာရောက်ဖျော်ဖြေခဲ့ပါတယ်။
2016-04-16
သြင်္ကန်အကြိုနေ့ကနေ သြင်္ကန်ပထမအကြတ်နေ့ အထိ ယာဉ်မတော်တဆဖြစ်မှု၊ ခိုက်ရန်ဖြစ် ပွားမှုတွေကြောင့် ရန်ကုန်ဆေးရုံကြီးကို လူနာ ၅ဝဝ နီးပါးရောက်ရှိလာတယ်လို့ ရန်ကုန်ဆေးရုံအုပ် ကြီးက ပြောပါတယ်။
2016-04-16
ရန်ကုန်မြို့မှာ အလှူအတန်း အလှူခံံ နဲ့ အလှူမင်္ဂလာ၊ သာရေးနာရေးပွဲတွေမှာ အသံချဲ့စက်တွေကို အလွန်အကျွံ ဖွင့်တာကြောင့် အများပြည်သူတွေအတွက် စိတ်ဒုက္ခရောက်ကြရပါတယ်။
2016-04-16
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-04-15
မြို့ပြ စည်ပင်သာယာနယ်နိမိတ်တွေအတွင်း လမ်းဘေးက ခွေးလေ ခွေးလွင့်တွေကို အဆိပ်ကျွေးပြီး သတ်တာကို ဗုဒ္ဓဘာသာအများ စုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ အများစုက လက်မခံကြ ပါဘူး။
2016-04-15
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်က စီးပွားဖြစ်သြင်္ကန်မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့် တားမြစ်ခဲ့ပြီး နေအိမ်နဲ့ ကုမ္ပဏီရုံးရှေ့တွေမှာသာ ပုဂ္ဂလိကမဏ္ဍပ်တွေ ဆောက်လုပ်ခွင့် ပေးလိုက်တာကြောင့် ဒီနှစ် သြင်္ကန်မဏ္ဍပ်ကြီးတွေဟာ အင်းလျားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းတွေမှာ မရှိတော့ဘဲ ပြည်လမ်းမှာ ဆောက်လုပ်နိုင်ခဲ့ပါတယ်။
2016-04-15
NLD ပါတီဦးဆောင်တဲ့ အရပ်သား အစိုးရသစ်လက်ထက် ပထမဆုံး ကျင်းပနေတဲ့ အတာ သြင်္ကန်ပွဲတော်မှာ အပစ်ခတ်ရပ်စဲရေးလက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တချို့ကလည်း နှစ်သစ်ဆုတောင်း စကားတွေပြောကြားထားပါတယ်။