သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-28
၂ဝ၁၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့က ချီးမြှင့်တဲ့ ၄၅ ကြိမ် မြောက် Florence Nightingale ဆုကို မြန်မာနိုင်ငံက အထက်တန်းသူနာပြု ကိုစ,နိုင်နိုင်ထွန်းက ရရှိခဲ့ပါတယ်။
2015-05-27
မန္တလေးတိုင်း ရွှေဘိုမြို့နယ်က ဆန်ပွဲရုံနဲ့ ဆန်ရွေးစက် လုပ်ငန်းရှင်တချို့ဟာ အစိုးရက တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမရပူရမြို့နယ်မှာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-05-27
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA အဖွဲ့က တပ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေ ကျေးရွာတွေကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
2015-05-27
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ တပ်မတော်သားတွေရဲ့ အမည်စာရင်းကို ရွေးကောက်ပွဲနီးမှ အချိန်ကပ် ကြေညာတာမျိုးမလုပ်ဘဲ၊ အများပြည်သူ မဲပေးခွင့်ရှိသူတွေရဲ့စာရင်းတွေနဲ့အတူ တပြိုင်နက်တည်း ထုတ်ပြန်ပေးဖို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
2015-05-27
အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းပြီးရင် ဆက်လက်ရေးဆွဲရမယ့် ဥပဒေတွေထဲက “အဆင့်မြင့် ပညာရေးဥပဒေကြမ်း” ကို ရေးဆွဲနိုင်ဖို့အတွက် ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-05-27
ဧရာဝတီတိုင်း ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဒတ်နဲ့ မရမ်းကျေးရွာအုပ်စုအတွင်းက ရေလုပ်ငန်းလုပ်ကိုင်သူတွေဟာ ဒီနှစ် ငါး၊ ပုဇွန်ဖမ်းဆီးရတာ သိသိသာသာနည်းလာတာကြောင့် ရေလုပ်ငန်းတွေ အရှုံးပေါ်နေပါတယ်။
2015-05-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၃ ရက်၊ စနေနေ့က မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဒေသခံလူလူထု နဲ့တွေ့ဆုံခဲ့ပါတယ်။
2015-05-26
မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီးအတွင်းက နိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။
2015-05-26
အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီကို ဦးတည်သွားကြတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက လှေစီး ဒုက္ခသည်တွေဟာ လူမှောင်ခိုကူးသူတွေက တဆင့် သွားရောက်ကြတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက လှေစီးဒုက္ခသည်တွေက ပြောကြပါတယ်။
2015-05-26
မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းမှာ တည်ဆောက်မယ့် တံတားဦးဟိုတယ်ဇုန်နဲ့ မြို့ပြစီမံကိန်း ဖော်ဆောင်ရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစေဖို့အတွက် ဒေသခံတွေနဲ့ ကုမ္ပဏီတွေ မနေ့က တံတားဦးမြို့နယ် အင်းဝခန်းမမှာ ဆွေးနွေးခဲ့ကြပါတယ်။
2015-05-26
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တပ်မတော်က ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့ရတဲ့ အလွတ် သတင်းထောက် ကိုပါကြီးရဲ့အမှုနဲ့ ပတ်သက်ပြီး ကြိမ်မြောက်ကို ကျိုက်မရောမြို့နယ် တရားရုံးမှာ မေလ ၂၅ ရက်နေ့က ၅ ကြိမ်မြောက်စစ်ဆေးခဲ့ပါတယ်။
2015-05-23
ကပ္ပလီပင်လယ်ပြင်မှာ မျောပါနေတဲ့ လှေစီးဒုက္ခသည်တွေရဲ့အသက်တွေကို ကယ်တင်ကြဖို့ မြန်မာနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
2015-05-23
အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးနဲ့ပတ်သက်ပြီး မေလ ၂၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ပါတယ်။
2015-05-23
၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ၈၈ မျိုးဆက် (ြငိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) နဲ့၊ တိုင်းရင်းသားပါတီတွေ စုစည်းထားတဲ့ “စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့- UNA” တို့က တောင်းဆိုလိုက်ပါတယ်။
2015-05-23
မန္တလေးတိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ “မြို့သာစက်မှုဥယျာဉ်” စီမံကိန်းဧရိယာထဲမှာ ပါဝင်တဲ့ လယ်ယာမြေတွေမှာ လျော်ကြေးယူမထားတဲ့ မြေပိုင်ရှင်တွေ က ဝင်ရောက်စိုက်ပျိုးနေတာကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံတားဆီးနေပါတယ်။