သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-13
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ၁၃ကြိမ်မြောက် ရခိုင်ရိုးရာသြင်္ကန်ပွဲတော်ကို ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။
2016-04-13
နေပြည်တော်က သမ္မတအိမ်တော်မှာ သြင်္ကန်ကြိုဆိုပွဲကို ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
2016-04-12
ကချင်ပြည်နယ်က ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အကြောင်းတွေကို RFA က အပိုင်းလိုက်ခွဲပြီး တင်ပြပေးနေပါတယ်။
2016-04-12
နိုင်ငံရေးအကျဉ်းသားတွေ၊ သပိတ်မှောက်ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ့် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက်၊ဧပြီလ ၈ ရက်နေ့မှာ ကျောင်းသူကျောင်း သားတွေ လွတ်မြောက်လာကြပါတယ်။
2016-04-12
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အဓိကကျ တဲ့ ရခိုင်ပြည်နယ်က ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဟာ လာမယ့်ဇူလိုင်လ ထဲမှာ ပြီးစီးတော့မှာ ဖြစ်ပါတယ်။
2016-04-12
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ဆင်းရဲသားဂေဟာမှာ အလှူဒါန ပြုခဲ့ကြပါတယ်။
2016-04-12
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံး ဖွံ့ဖြိုးတိုးတက်မှု မကွာဟဖို့နဲ့၊ ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုပြဿနာ၊ ရေ ကြီးရေလျှံတဲ့ ပြဿနာတွေ ကို ဖြေရှင်းဖို့အတွက် မဟာဗျူဟာ စီမံကိန်းရေးဆွဲပြီး အကောင် အထည်ဖော် သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။
2016-04-12
ရခိုင်ရိုးရာ သြင်္ကန်ဓလေ့အရ သြင်္ကန်ရေမစကားခင် ကျင်းပလေ့ရှိတဲ့ "နံ့သာသွေးပွဲ" နဲ့ ဘုရားရေသပ္ပာယ်ပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်က ရခိုင်ဓမ္မာရုံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-04-09
အစိုးရက စွဲဆိုထားတဲ့အမှုတွေ ပယ်ဖျက်ပေးလိုက် တာကြောင့် သာယာဝတီအကျဉ်းထောင်က လွတ်မြောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေ ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2016-04-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသားတွေ ဒီနေ့ လွတ်လာမယ်ဆိုတဲ့အတွက် ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ၊ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ ဒီကနေ့ မနက်ကတည်း က စောင့်ဆိုင်းခဲ့ကြပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2016-04-09
ကချင်ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဝန်ကြီး ၆ ဦး ကတိသစ္စာပြုခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2016-04-09
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်၊ မန်ကျီးချောင်းဝကျေးရွာမှာ တပ်မတော် အရာရှိတဦးက သေနတ်နဲ့ပစ်တဲ့အတွက် ဒေသခံ ၂ ဦး သေဆုံးခဲ့တဲ့ တလပြည့် ဆုတောင်းပွဲကို ရေးမြို့ ရွှေစံတော်ဘုရားမှာ ဒေသခံတွေ စုပေါင်းကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားပါတယ်။
2016-04-09
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-04-09
၂၇၅၅ နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ကို ကယားပြည်နယ် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာမှာ ဧပြီလ ၈ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-04-09
"ချစ်ကြညီညာ-ပြည်မြန်မာ"လို့ အမည်ပေးထားတဲ့ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ခွင့်လွှတ်ခြင်းကို သရုပ်ဖော်တဲ့ တေးဂီတဖျော်ဖြေပွဲနဲ့ အနုပညာပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ မနေ့က ပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာတဲ့ ပရိသတ်တွေကို အကျွေးအမွေးနဲ့ ဧည့်ခံခဲ့ကြပါတယ်။ RFA သတင်းထောက် မဇာဏီထွန်းက တင်ပြထားပါတယ်။