သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-07
မွန်ပြည်နယ် ရေးမြို့နယ်မှာ ရာဘာဈေးကောင်းလာတဲ့အတွက် ရပ်ဆိုင်း ထားတဲ့ ရာဘာခြံတွေမှာပါ လုပ်ငန်းတွေ ပြန် ပြီး စတင်နေကြပါတယ်။
2017-02-05
ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ည မေးပါရစေဦး အစီအစဉ်မှာ လုပ်ကြံခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အကြောင်း သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပြကြမှာ ဖြစ် ပါတယ်။
2017-02-04
ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးကိုနီအတွက် မေတ္တာပို့ ဆုတောင်းခြင်း အခမ်း အနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာ ရှိတဲ့ ရန်ကုန်ရှေ့နေအသင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-02-04
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-02-04
သီးနှံဈေးနှုန်းတွေ အဆမတန်ကျဆင်းနေတာကို အစိုးရက ဖြေရှင်းပေးဖို့အတွက် မနေ့က လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့အထိ ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကယားပြည်နယ် နဲ့ ရှင်းပြည်တောင်ပိုင်းက တောင်သူတွေဟာ ဒီကနေ့ မိုးဗြဲမြို့ကနေ ဒီမောဆိုမြို့ကို ဆက်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2017-02-04
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တနှစ်ကျော် ကာလအတွင်း ဖားကန့်ကျောက်စိမ်း နယ်မြေကို တရားမဝင် သယ်ယူနေတဲ့ အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် တသိန်းကျော် ဖမ်းဆီးရမိထားပါတယ်။
2017-02-04
မုဒုံမြို့မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်တုကို မွန်ပြည်နယ် ကျိုက်ထိုမြို့ကနေ မုဒုံမြို့ကို ဒီနေ့သယ်ဆောင်ခဲ့ပြီး မုဒုံမြို့က အရပ်ဘက်အဖွဲ့တွေ အပါအဝင် ဒေသခံတွေက ဆိုင်ကယ်တွေ ကားတွေနဲ့ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။
2017-02-03
ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ် မှာ ရှေ့နေဦးကိုနီကို လုပ်ကြံသူကို ကူညီဖမ်း ဆီးပေးရင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ မိသားစုကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈၉- ၉ဝ ခုနှစ် လူငယ်အဖွဲ့ဝင်ဟောင်းတွေ၊ ရန်ကုန်တိုင်း "အိုလမာ" အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ ချုပ်နဲ့ ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီဝန် ထမ်းတွေက ဒီနေ့ အလှူငွေတွေ သွားရောက်လှူဒါန်း ခဲ့ပါတယ်။
2017-02-03
ရှေ့နေဦးကိုနီ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး… "လူသတ်ဝါဒ ဆန့်ကျင်ကြ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ "ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးအဖွဲ့" က ဦးဆောင်ပြီး ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က စိတ်တိုင်းကျစားသောက်ဆိုင်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-02-02
ရှမ်းပြည်နယ်မြောက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားတဲ့ နမ့်ဆန်မြို့နဲ့ မန်တုံမြို့နယ် ၂ မြို့နယ်အတွင်းမှာ မန်တုံမြို့ဟာ ဒေသဖွံ့ဖြိုးရေးမှာ များစွာနောက်ကျနေတယ်လို့ဒေသဦးစီး အဖွဲ့ဝင်တွေက ပြောပါတယ်။
2017-02-02
ပြောင်းနဲ့ပဲဈေးတွေ အဆမတန် ဈေးကျနေတဲ့အတွက် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ကယား ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်သူတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-02-02
စစ်ကိုင်းမြို့မှာ ဒေသခံ သံဃနာယကအဖွဲ့ရဲ့ ထောက်ခံချက်မပါဘဲ ဘုန်းကြီးကျောင်းအသစ် ဆောက်လုပ်နေတာတွေ ရပ်တန့်ပေးဖို့ ဒေသခံကျောင်းတိုက် ၉ ခုက သံဃာတော်အပါး ၆ဝ လောက် ဒီကနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2017-02-02
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသရေပျက်စေတဲ့ စာသားတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားလို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ NLD ပါတီ ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပုဒ်မ ၆၆-ဃ နဲ့ စွဲချက်တင်ဖို့ ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက် ပါတယ်။
2017-02-02
ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူကို ကူညီဖမ်းဆီးရင်း သေနတ်ထိမှန် သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ဈာပနကို ဇန်နဝါရီလ ၃၁ရက်နေ့က ကျင်းပခဲ့ပါတယ်။
2017-02-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ရဲ့ တခုတည်းသော လစ်လပ်မဲဆန္ဒနယ် ဖြစ်တဲ့ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ နိုင်ငံရေးပါတီ ၅ ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ ကျေးရွာတွေမှာ ပါတီတချို့က စပြီး မဲဆွယ်စည်းရုံးနေကြပါပြီ။