သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-05
တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ပါတီဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီး က မြို့နယ် ၁၇ မြို့နယ်မှာ ကိုယ်စားလှယ် ၆၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2015-05-05
စစ်ကိုင်းတိုင်း ရွေဘိုခရိုင် ကန့်ဘလူမြို့နယ်မှာ တရားစွဲခံထားရတဲ့တောင်သူ ၁၃ ဦးကို ကန့်ဘလူမြို့ နယ် တရားရုံးက ဒဏ်ငွေနှစ်သောင်းကျပ် စီပေးဆောင်ဖို့မေလ ၄ ရက်နေ့က အမိန်ချမှတ်လိုက်ပါတယ်။
2015-05-02
မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စက်မှုဇုန်က အလုပ် သမားတွေ စုပေါင်းပြီး… အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်ပေးဖို့နဲ့၊ အခြေခံ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ အတွက် ဆန္ဒပြခဲ့ကြပါတယ်။
2015-05-02
မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အားကစားကွင်း မှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ဝင်တွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။
2015-05-02
မန္တလေးမြို့ စက်မှုဇုန်မှာရှိတဲ့ ကနောင်ခန်းမမှာ တနိုင်ငံလုံးက အလုပ်သမားသမဂ္ဂတွေ စုပေါင်းပြီး အပြည်ပြည်ဆိုင်ရာအလုပ် သမားနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြ ပါတယ်။
2015-05-02
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်းက ကျေးလက်တောရွာတွေဟာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေခမ်းခြောက် ပြီး ရေရှားပါးတဲ့အခက်အခဲ ကြုံတွေ့နေကျဖြစ်ပါတယ်။
2015-05-02
မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက နာမည်ကျော် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်း မှာ ငါးတွေအုပ်စုလိုက်သေဆုံးမှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။
2015-05-02
အစိုးရလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းလိုင်စင်လျှောက်လွှာတွေကို လက်နှိပ်စက်နဲ့သာ အသုံးပြုနေသေးတဲ့အတွက် မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ကုန်သည်လမ်း အနီးတဝိုက်မှာ လက်နှိပ်စက်ရိုက်တဲ့ လုပ်ငန်းငယ်တွေ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။
2015-05-01
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခမှာ တောင် သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတဲ့အတွက် တရားစွဲခံထားရသူတွေ ကို ဒီနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-05-01
ရန်ကုန်မြို့က ထင်ရှားတဲ့ စာအုပ်အရောင်းဆိုင်တွေဟာ ကုန်ကျစရိတ်နဲ့ ရောင်းရတာ မကိုက်တော့တာကြောင့် စာအုပ်ဆိုင်တွေ ပိတ်လာတာ တဖြည်းဖြည်းများလာနေပါတယ်။
2015-05-01
ရန်ကုန်တိုင်းအတွင်က စက်မှုဇုန်တွေမှာ အနယ်နယ်အရပ်ရပ်ကနေ လာရောက်အလုပ်လုပ်ကိုင်နေ သူတွေဟာ လုပ်ခလစာတိုးပေးရေးအတွက် ဆန္ဒပြနေကြသလို၊ အစိုးရကလည်း အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးနေပါတယ်။ အလုပ်သမားတွေကတော့ လက်ရှိ ရနေတဲ့လုပ်ခနဲ့ နေထိုင် ရတာ မလောက်ငဘူးလို့ ပြောကြပါတယ်။
2015-05-01
မန္တလေး ကျောက်စိမ်းဈေးကွက်ဟာ ကုန်ကြမ်းတွေ အဝင်နည်းတဲ့အပြင်၊ တရုတ်ကုန်သည်တွေ ဝယ်လိုအားနည်းနေတာကြောင့် အရောင်းအဝယ် အခြေအနေ အေးစက်နေတယ်လို့ ကျောက်စိမ်းလုပ်ငန်း လုပ်နေသူတွေက ပြောပါတယ်။
2015-05-01
ကချင်ပြည်နယ် ရွှေကူမြို့နယ်က ဥဒေါင်းတောင်လှိုဏ်ဂူမှာ ဘုရားစေတီတွေနဲ့၊ ဗုဒ္ဓရုပ်ပွားတော် တထောင်ကျော်ကို တည်ထားကိုးကွယ်ထားတဲ့ အကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2015-04-30
ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ ကချင်တိုင်းရင်းသူ ဆရာမနှစ်ဦးနဲ့၊ လုံခြုံရေး ဝန်ထမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ လက်ပံတောင်းတောင်ဒေသခံဒေါ်ခင်ဝင်း၊ အလွတ် သတင်းထောက် ကိုပါကြီးတို့အတွက် အောင့်မေ့ ဘွယ်အခမ်းအနားကို ရန်ကုန် စမ်းချောင်းမြို့နယ် တီးတိန်ချင်း- နှစ်ခြင်းအသင်းတော် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-04-30
မန္တလေးမြို့က “ဦးပွား ဂုံးကျော်တံတား” လို့ခေါ်တဲ့ ချမ်းမြဝတီ မီးရထားဂုံးကျော်တံတားဟာ လက်ရန်းတွေ ကွဲအက်နေတဲ့အတွက် တံတားအောက်မှာ နေထိုင်ကြသူတွေနဲ့ ဖြတ်သွားဖြတ်လာတွေ စိုးရိမ်နေကြပါတယ်။