သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-25
အစိုးရသစ် အာဏာလွှဲပြောင်းပြီးရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2016-03-25
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ မင်းတည်းကျေးရွာအနီးမှာ ကျူးကျော်တဲတွေနဲ့ နေထိုင်နေသူတွေရဲ့ ခြံစည်းရိုးတွေကို မနေ့က စစ်တပ်က ဖြိုဖျက်ခဲ့ပါတယ်။
2016-03-25
KNU ကရင်အမျိုးသားအစည်းအရုံးက ဦးစီးပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့က သုမေဓါရာမကျောင်းတိုက်မှာ ကျင်းပနေပါတယ်။
2016-03-25
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးနဲ့ ပတ်သက်ပြီး ကန့်ကွက်သူမရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်က ဒီနေ့အတည်ပြုလိုက်ပါတယ်။
2016-03-24
မိသားစုထဲမှာ နှိပ်စက်ခံရမှု၊ စီးပွားရေး အခွင့်အလမ်း ကင်းမဲ့မှုတို့ကြောင့် လွတ်လပ်မှုကို ရှာဖွေရင်း ပြည်ပကို ရောင်းစားခံလိုက်ရတဲ့ မိန်းကလေး နှစ်ယောက်အကြောင်း ရုပ်ပြဇာတ်လမ်းပါ။
2016-03-24
ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်ဝန်ကြီး ချုပ်နေရာ ရရှိရေးနဲ့၊ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရဖို့အတွက် အစိုးရသစ်ကို တောင်းဆိုထား တဲ့ ကြေညာချက်တွေကို ထောက်ခံကြောင်း ဒေသခံ ၅ ရာလောက် စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-03-24
မန္တလေး ချမ်းအေးသာစံမြို့နယ်က မင်္ဂလာဈေးမှာ မနေ့ညက မီးလောင် ကျွမ်းမှုကြောင့် လူနေအိမ်ခန်း ၊ ဆိုင်ခန်းနဲ့ ရုံးခန်းပေါင်း ၃ ရာနီးပါး မီးထဲ ပါသွားခဲ့ ပါတယ်။
2016-03-24
ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့နယ် အီနိုင်းကျေးရွာက လီဆူတိုင်းရင်းသား ဒုက္ခသည်စခန်းမှာ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေပြီး သောက်သုံးရေတွေလည်း လိုအပ်နေပါတယ်။
2016-03-24
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ သုံးသပ်ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေက ရန်ကုန်မြို့ Excel Treasure Hotel မှာ ဒီကနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
2016-03-23
ကွယ်လွန်သူ အမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နှစ် ၁၄ဝ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဆရာကြီးရဲ့ဂူဗိမာန်မှာ မတ်လ ၂၃ ရက်နေ့ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-03-23
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ဖွဲ့စည်းတဲ့ ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို ဂုဏ်ပြုတဲ့ပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီနေ့ ပြု လုပ်ခဲ့ပါတယ်။
2016-03-23
မကွေးတိုင်း မင်းဘူးမြို့နယ်မှာ မန်းရေနံမြေစီမံကိန်းအတွက် သိမ်းဆည်းခံ ခဲ့ရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2016-03-23
ဒီနေ့ တပေါင်းလပြည့်နေ့မှာ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ် သာသနာရိပ်သာလမ်း တောင်ကြီးပရဟိတ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2016-03-23
မန်မာ့ရုပ်သံလွှင့် မီဒီယာဥပဒေ ဆိုင်ရာညီလာခံကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-03-23
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ ပြည်နယ်တွေကထွက်တဲ့ သဘာဝသယံဇာတတွေကို စီမံခန့်ခွဲတဲ့အခါ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ဖို့ Arakan Oil Watch လို့ခေါ်တဲ့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၂ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။