၂ဝ၁၅ မဲရုံတွေမှာ တရားဝင်စောင့်ကြည့်ခွင့်ရဖို့ အရပ်ဖက်အဖွဲ့စည်းများတောင်း ဆိုမည်
အရပ်ဖက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကော်မရှင်နဲ့ အခုလ ၂ဝ ရက်နေ့ တွေ့ဆုံတဲ့အခါ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲရုံတွေကို တရားဝင်စောင့်ကြည့်ခွင့်ရရေးအတွက် တင်ပြ သွားမယ်လို့ သိရပါတယ်။
-
2014-10-18 -
-
-
အရပ်ဖက်အဖွဲ့အစည်းတွေက ရွေးကောက် ပွဲကော်မရှင်နဲ့ အခုလ ၂ဝ ရက်နေ့ တွေ့ဆုံတဲ့အခါ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ မဲရုံတွေကို တရား ဝင်စောင့်ကြည့်ခွင့်ရရေးအတွက် တင်ပြသွားမယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာတင်ပြမယ့် အချက်တွေကို မိမိတို့အရပ် ဖက်အဖွဲ့အစည်းအချို့ ဒီကနေ့ ကြိုတင်ညှိနှိုင်းခဲ့ကြတယ် လို့ မေတ္တာကန်ပိန်းအဖွဲ့ကို ဦးဆောင်သူ ကိုညီကျော်က RFA ကိုပြောပါတယ်။
"အခုလည်း ကျနော်တို့အဲ့ဒီအတွက် အလုပ် ရုံဆွေးနွေးပွဲ တစ်ခုလုပ်နေတယ်လေ၊ ကြိုတင်ပြင် ဆင်မှုလေးပေါ့နော် ၂၀၁၀ မှာရော ၂၀၁၂ မှာရော စောင့်ကြည့်ခဲ့တယ်ဆိုပေမဲ့ ဒါဟာ သိပ် ပြီးတော့ပွင့်လင်းမြင်သာတဲ့ အနေအထားမျိုးတော့ မရှိဘူး၊ တရားဝင်လို့ ပြော ရလောက်အောင်တောင်မှ ခက်ခဲတဲ့အနေအထားမှာရှိတယ်၊ လာမဲ့ ၂၀၁၅ မှာတော့ ဒီလိုမဖြစ်ချင်ဘူး၊ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လူအများစိတ်ဝင်စားနေတဲ့ အနေအထားမှာ တရား ဝင်လေ့လာစောင့်ကြည့် တဲ့အဖွဲ့တွေ ရှိသင့်တယ်၊ ပြည်တွင်းရဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ အပိုင်း ကပိုအရေးကြီးတယ်၊ ဒီစောင့်ကြည့်မဲ့ CSO များအဖွဲ့က ကြိုတင်သက်မှတ်ချက်တွေပေါ့နော် သဘောတူညီ ချက်တွေ ပီပီပြင်ပြင် ကျနော်တို့ကြိုပြီးရထားချင်တယ်"
ရွေးကောက်ပွဲကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းတွေကို မီဂါဆာဟိုတယ် မှာ ဒီလ၂၀ ရက်နေ့ တွေ့ဆုံမှာ ဖြစ် ပြီး နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပွဲကိုတော့ ပန်ဒါဟိုတယ်မှာ လာမယ့် ၂၁ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။
ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ကျင့်သုံးလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ညှိနှိုင်းဖို့အတွက် ပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နဲ့ ချင်းပြည်နယ် တီးတိန်မြို့မှာ ဆောင်ရွက်နေတဲ့ အကြို မဲစာရင်းကောက်ယူမှု အခြေနေတွေကိုလည်း ရှင်းလင်းတင်ပြသွားမယ်လို့ သိရပါတယ်။