အရေးပေါ်ကယ်ဆယ်ရေး ရှမ်းပြည်နယ်အစိုးရ စီစဉ်


2016.06.18
lashio-cso-forum-620.jpg လားရှိုးမြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုခန်းမမှာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး အရေးပေါ်အခြေအနေတွေမှာ အကူ အညီပေးနိုင်မယ့် အဖွဲ့တစ်ခုဖွဲ့စည်းဖို့ စီစဉ်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောပါတယ်။

ဒီနေ့ လားရှိုးမြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုခန်းမမှာ ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့မှာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောခဲ့တာဖြစ်ပါတယ်။

"ဒီမှာ CSO တွေ တော်တော်များများရှိတာကိုး၊ ကျနော်တို့အရေးပေါ်တစ်ခုခုမှာပေါ့လေ၊ ကျနော်ကစနစ် တကျနဲ့ဖြစ်အောင် CSO တွေအကုန်လုံးလည်း သူ့နေရာနဲ့သူ၊ သူ့အင်အားနဲ့ သူပါဝင်လာအောင်၊ တစ်ခုခု ဆိုရင် ကော်မတီကနေဆုံးဖြတ်၊ ဘယ်အဖွဲ့ကဘယ်လိုသွားမယ်၊ နောက်တစ်ဖွဲ့ကဘာတွေ ကူညီကြမလဲ၊ ဘယ်သူတွေက ပံ့ပိုးပေးမလဲ၊ စုပေါင်းအားနဲ့ သွားနေကြတာပါ"

သဘာဝဘေးအန္တရာယ် အပါအဝင် အရေးပေါ်ကြုံတွေ့လာမယ့် အခြေအနေတွေမှာ အကူအညီပေးနိုင်ဖို့အတွက် ဖဲ့ွစည်းမှာဖြစ်ပြီး ဝန်ကြီးရဲ့ တိုက်တွန်းမှုကို အရပ်ဘက်အဖွဲ့တွေက သဘောတူထောက်ခံကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲကို မနေ့ကစပြီး ၃ ရက်ကြာ ကျင်းပ တာဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပြီး အလုပ်သမား၊ လယ်သမား၊ သဘာဝပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းကျောင်းသားနဲ့ လူငယ်ကွန်ရက်၊ သွေးအလှူရှင်အဖွဲ့တွေ၊ အလုပ်သမား အဖွဲ့တွေ၊ ရှမ်းလူငယ်ကွန်ရက်၊ တောင်သူလယ်သမားသမဂ္ဂစတဲ့ အရပ်ဖက်အဖွဲ့အစည်းပေါ် ၁ဝဝ ကျော် ရှိပြီး ဆွေးနွေးပွဲကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၈ဝ ကျော်က ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။