မြောက်ဦး ANP ပါတီခေါင်းဆောင်အပါအဝင် ၂၀ ဦး နုတ်ထွက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ANP ရဲ့ နာယက၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်တွေပါဝင်တဲ့ လူပေါင်း ၂၀ ဟာ ပါတီကနေ မနေ့က နုတ်ထွက်ခွင့်တင် လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ANP ရဲ့ နာယက၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်တွေပါဝင်တဲ့ လူပေါင်း ၂၀ ဟာ ပါတီကနေ မနေ့က နုတ်ထွက်ခွင့်တင်လိုက်ပါတယ်။

ပါတီတွင်းအခြေအနေတွေ ရှုပ်ထွေးလာတာတွေအပြင် ပါတီနဲ့ ပတ်သက်ပြီး အချိန်မပေးနိုင်တော့တာကြောင့် နုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာလို့ ပါတီရဲ့ နာယကတစ်ဦးဖြစ်တဲ့ ဦးသန်းမြင့်က ပြောပါတယ်။

မနေ့ကနုတ်ထွက်ခွင့်တင်ထားသူ အယောက် ၂၀ မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့တဲ့ ပါတီညီလာခံကနေ ရွေးချယ်တင်မြှောက်ထားတဲ့ မြို့နယ်အလုပ်အမှုဆောင် ၃ ဦးနဲ့ မြို့နယ်အမှုဆောင် ၃ ဦး ပါဝင်တယ်လို့သိရပါတယ်။

နုတ်ထွက်ခွင့်တင်ထားသူအားလုံးကို ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီထံတင်ပြပြီး ပါတီရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ANP ရဲ့ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org