ဗြိတိန်နှစ်ဦးကို သတ်ဖြတ်သူ မိပြီလို့ ထိုင်း ရဲ ပြောဆို
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း သတင်းဌာနတွေက အမျိုးမျိုးရေးသားနေချိန်မှာ မနေ့ ကတော့ နေးရှင်းသတင်းစာက လူသတ်တရားခံတွေ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့ ပြောဆိုကြောင်း ဖေါ်ပြခဲ့ပါတယ်။
-
2014-10-03 -
-
-
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း သတင်းဌာနတွေက အမျိုးမျိုးရေးသားနေချိန်မှာ မနေ့ကတော့ နေးရှင်းသတင်းစာက လူသတ် တရားခံတွေ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့ ပြောဆိုကြောင်း ဖေါ်ပြ ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ ခိုတောင်ကျွန်းက အရက်ဆိုင်တစ်ဆိုင် မှာ အလုပ်လုပ်သူ အသက် ၂၁ နှစ်အရွယ် ဝင်း အမည် ရှိ မြန်မာတစ်ဦးကို သတင်းအရ ဖမ်းဆီးစစ်ဆေးရာမှာ သူသတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ် လို့ နေးရှင်းက ဖေါ်ပြပါတယ်။
သူနဲ့အတူ မော် နဲ့ စော ဆိုတဲ့အမည်တွေနဲ့ မြန်မာ အလုပ်သမားနှစ်ဦးကိုလည်း ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ DNA မျိုးဗီဇ တွေကို စစ်ဆေးနေပြီး၊ အလောင်းတွေအနီးမှာတွေ့ရှိခဲ့ရတဲ့ စီးကရက်အစီခံပေါ်က DNA မျိုးဗီဇ အမျိုးအစားနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်မှာဖြစ်သလို၊ တခြားသက်သေ အထောက်အထားတွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့ ရဲကပြောပါတယ်။
ဝင်း ဆိုတဲ့ မြန်မာအလုပ်သမားက သူဟာ ဗြိတိန်အမျိုးသမီးကို တိုက်ခိုက်ပြီး အဓမ္မကျင့်ကြံခဲ့ကြောင်း ဖြောင့် ချက်ပေးထွက်ဆိုခဲ့တယ်လို့ ရဲပြောဆိုကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ခေါ်ယူမယ်လို့ ရဲတပ်ဖွဲ့ပြောဆိုကြောင်း နေးရှင်းသတင်းစာက ဖေါ်ပြပါတယ်။