အမျိုးသားနေ့ စာပေဟောပြောပွဲ ကိုမင်းကိုနိုင် ဟောပြော

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မနေ့က ကျင်းပတဲ့ ၉၂ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနဲ့ ပဒေသာကပွဲကို တတ်ရောက် လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က နောက်ဆုံးခံတပ်မှ ခုခံခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ အခုလို ဟောပြော ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က မြန်မာနိုင်ငံတဝန်း လူငယ်ကွန်ယက်အဖွဲ့များ ပေါ်ပေါက်ရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။ RFA

"နောက်ဆုံးခံတပ်ဖြစ်တဲ့ မန္တလေးကနေပြီးတော့ ခုခံမယ့်တရားသောတိုက်ပွဲမှာ ရဟန်းရှင်လူပြည်သူအပေါင်းဟာ နောက်ကဘယ်သူမှမတိုက်တွန်းရပဲ  ကိုယ့်အသိနဲ့ကိုယ် ရရာလက်နက်ကိုင်ဆွဲပြီးလို့ ငါရှေ့ဆုံးကအသေခံပါ့မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ခုခံပေးကြပါ"

ကံတက်ကုန်း ကျောင်းတိုက်နဲ့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး စာပေဟောပြောပွဲကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့၊ မန္တလေးက နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သံဃာတော်တွေနဲ့ ကံတက်ကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းသူ ကျောင်းသားတွေ အပါအဝင် ပရိသတ်၂ဝဝ လောက် တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားနေ့ကျင်းပရေးကို အစိုးရအဆက်ဆက်က ဂရုတစိုက် အားမပေးတော့တဲ့အတွက် သမိုင်းဝင်နေ့တစ်နေ့ဟာ တဖြေးဖြေး မှေးမှိန်လာနေရတယ်လို့ ဒီကနေ့ ကျရောက်တဲ့ ၉၂ နှစ်မြောက် အမျိုးသားနေ့မှာ ဝါရင့်နိုင်ငံရေး သမားကြီးတွေက ပြောတာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org