တောင်သူလယ်သမား ညီလာခံ ၈၈ မျိုးဆက်ရုံးမှာ ကျင်းပ
မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူ လယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာတွေ၊ နစ်နာဆုံးရှုံးမှုတွေ ကို ဖော်ထုတ်စုစည်းပြီး လွှတ်တော်နဲ့ အစိုးရတာဝန်ရှိ သူတွေထံ တင်ပြနိုင်ဖို့အတွက် တောင်သူလယ်သမား ညီလာခံကို ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းရုံးမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
-
2013-08-19 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူလယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာတွေ၊ နစ်နာဆုံးရှုံးမှုတွေကို ဖော်ထုတ်စုစည်းြပီး လွှတ်တော်နဲ့ အစိုးရတာဝန်ရှိသူတွေထံ တင်ပြနိုင်ဖို့ အတွက် တောင်သူလယ်သမား ညီလာခံကို ရန်ကုန်ြမို့ ၈၈ မျိုးဆက် ြငိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းရုံးမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
နိုင်ငံအနှံ့က လယ်သမား ၃ဝဝ ကျော် တက်ရောက်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲရဲ့ပထမနေ့မှာ လယ်ယာမြေ သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းခေါင်းဆောင် ကိုမင်းကိုနိုင်က တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာမြေ ပိုင်ဆိုင်ခြင်း အငြင်းပွားမှုနဲ့ အခွင့်ရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ ဥပဒေကြောင်းအရ ယှဉ်ြပိုင်ဖို့ရှိလာမှာဖြစ်တဲ့အတွက် ဥပဒေတွေနားလည်တဲ့ လယ်သမားတွေရှိဖို့ လိုအပ်လာြပီဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
နှစ်ရက်ကြာကျင်းပမယ့် အခုဆွေးနွေးပွဲမှာ တောင်သူလယ်သမားသမဂ္ဂပေါ်ပေါက်ရေး၊ လယ်ယာမြေ ဥပဒေနဲ့ ပတ်သက်တဲ့ပြဿနာတွေနဲ့ လယ်ယာလုပ်ငန်းဆိုင်ရာ အခက်ခဲတွေကိုလည်း မနက်ဖြန်မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဒီပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။