၈၈ နဲ့ UNA အဖွဲ့ နိုင်ငံရေးအခြေခံ မူဘောင် မူကြမ်း ရေးဆွဲမည်

ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ရေးကော်မတီ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ UNA တို့ လက်နက်ကိုင် တိုင်းရင်းသား များနဲ့ အစိုးရ တို့ရဲ့ နိုင်ငံရေးအဆင့် ဆွေးနွေးပွဲအတွက် လိုအပ်မယ့် နိုင်ငံရေးအခြေခံ မူဘောင်တွေ ရေးဆွဲဖို့ ညိုနှိုင်းဆွေးနွေးကြ မယ်လို့ မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နေအိမ်မှာ UNA အဖွဲ့ဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ မတ်လ ၆ ရက်နေ့ က တွေ့ဆုံဆွေးနွေးစဉ် photo: 88 Facebook

ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အ ထည်ဖေါ်ရေးကော်မတီ၊ ၈၈ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့ အစည်းနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ လက်နက်ကိုင်တိုင်း ရင်းသားများနဲ့ အစိုးရတို့ရဲ့ နိုင်ငံရေးအဆင့် ဆွေးနွေး ပွဲအတွက် လိုအပ်မယ့် နိုင်ငံရေးအခြေခံ မူဘောင်တွေ ရေးဆွဲဖို့ ညိုနှိုင်းဆွေးနွေးကြမယ်လို့ မနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ Holiday စားသောက်ဆိုင်မှာ မနေ့ညနေ ပိုင်းက ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အခုလို ဆုံးဖြတ် ခဲ့တာပါ။

ဒါ့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ကြား တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် လက်မှတ်ရေး ထိုး အပြီး၊ ဆက်လက်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးမှု အဆင့်မှာ UNFC, UNA, ရှစ်လေးလုံး ငွေရတု ဆုံးဖြတ် ချက် ကော်မတီ နဲ့ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း တို့အနေနဲ့ တညီတညွတ် ပါဝင်ကြဖို့၊ အဲဒီ နိုင်ငံရေး ဆွေးနွေး မှု အဆင့်မှာ လိုအပ်မယ့် နိုင်ငံရေးအခြေခံမူဘောင် မူကြမ်း ရေးဆွဲရေး ညှိနှိုင်းဆွေးနွေးကြဖို့လည်း ဆုံးဖြတ် ခဲ့ပါတယ်။

မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အပစ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ပါ ပါဝင်ဖို့ဖြစ်ပေမဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပနေတဲ့ အစည်းအဝေး ပြီးဆုံးချိန်နောက်ကျတာကြောင့် NCCT အဖွဲ့ မတက်ရောက်နိုင်ခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org